Part 17(ချန်ချင်ဆိုတာ သူများကိုမှုတ်ပေးဖို့ မဟုတ်ဘူး)

178 26 0
                                    

ချန်ချင်ကို နှုတ်ခမ်းနားတေ့ကာ လေလေးအနည်းငယ် မှုတ်ထုတ်လိုက်ယုံနှင့် အမှန်တကယ်ပင် သာယာနာပျော်ဖွယ် သံဇဥ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ ဝေ့ဝူရှန့်သည် စိတ်ထဲ၌ မချိမဆန့် စိတ်လှုပ်ရှားကာ ရွှင်မြူးနေလေသည်။

*အားးး....မိုက်လိုက်တာ ငါ ပုလွေမှုတ်နေတာ....တကယ့် pro တစ်ယောက်လိုပဲ....*

လန်ဝမ့်ကျီးသည်ကား သစ်ပင်မှီကာ ပုလွေမှုတ်နေသည့် သူ့ကို မျက်နှာသေနှင့် မျက်တောင်မခတ် ရှုစားနေပေ၏။

"ချွင်....ချွင်....ချွင်....'

ရုတ်တရက်ကြားလိုက်ရတာ ဘာသံများပါလိမ့်။ တချွင်ချွင်နှင့် တဖြည်းဖြည်း နီးကပ်လာသည့် ထိုအသံသည်....

ဝေ့ဝူရှန့်က တွေးလိုက်လေသည်။

*သံကြိုးတွေကို တရွတ်တိုက်ဆွဲလာတဲ့ အသံလား?*

အမူအရာကင်းသည့် လန်ဝမ့်ကျီး၏ မျက်နှာထားသည် ချက်ချင်းဆိုသလို ဖော်ပြ၍မရသည့် အနေအထားသို့ ပြောင်းလဲ သွားပေ၏။ တဖြည်းဖြည်း နှင့် ထိုတချွင်ချွင်သံသည် ပို၍ ပို၍ နီးကပ်လာကာ အဆုံး၌မူ အမှောင်ထဲ၌ တရွေ့ရွေ့နှင့် လာနေသည့် အဲ့ဒီ့မဲမဲကြီးက ဘာကြီးတုန်း။ ဝေ့ဝူရှန့်သည် မမြင်ဖူးသည့် ထိုအရာကို စိတ်ဝင်တစား ကြည့်နေမိသည်။ အတန်ကြာသော် လရောင်အောက်၌ ထိုအရာကို ပြတ်သားထင်ရှားစွာ မြင်လိုက်ရတော့လေသည်။ လက်နှင့် ဖြေထောက်များသည် သံလက်ထိပ်များဖြင့် အခတ်ခံထားရသည့် လူတစ်ဦးပင် ဖြစ်လေသည်။

မဟုတ်ရပါ။ ထိုလူက ပုံသဏ္ဍာန်သာ လူနှင့် တူသော်ငြား အသိစိတ်လွတ်နေသည့်ပုံပေါ်ကာ လုံးဝအသက်ရှင်နေခြင်းမျိုး မဟုတ်ပေ။
ဝေ့ဝူရှန့်က နှုတ်ခမ်းပေါ်မှ ချန်ချင်ကို ဘေးသို့ချကာ မတ်တပ်ရပ်လိုက်လေသည်။ ထိုသေတစ်ဝက် ရှင်တစ်ဝက် လူသည်ကား ဤသို့သာ ဖြစ်မနေပါလျှင် လူသားဘဝ၌ အတော်အတန် ချောမောသော ရုပ်ရည်ရှိလိမ့်မည်။ ဤသို့ ဖြူဖပ်ဖွေးစွတ်နေသည့် သွေးမရှိသည့် မျက်နှာကပင်လျှင် အတော်ကလေး ကြည့်ကောင်းနေသေးသည်လေ။ ထိုလူက ဝေ့ဝူရှန့်ကို ကျောက်ရုပ်မျက်နှာထားအတိုင်း ခေါ်လေသည်။

If we'll meet in another life(uni+zaw) 'System'Donde viven las historias. Descúbrelo ahora