Part 11(သူ့မိတ်ဆွေဟောင်း ကိုယ့်မိတ်ဆွေသစ်)

298 27 0
                                    

​ဒီနေ့မနက်ကို လန်ကျန့်က ချင်းဟယ်ကို သွားဖို့ပြောသည်မို့ ခုတင်ပေါ်၌ထိုင်ရင်း လန်ကျန့်ကိုစောင့်နေမိသည်။ သူ့ဘဝကလဲ မထူးဇာတ်ခင်းပြီး သူများခန္ဓာကိုယ်နဲ့ အသက်ရှင်နေရတယ်လို့။ ထက်မြတ်ဘဝနဲ့ အသက်ပြန်ရှင်နိုင်တဲ့အခါ သရုပ်ဆောင်တောင် လုပ်စားဖို့ စိတ်ကူးလိုက်မိသည်။ သူတော်တော် သရုပ်ဆောင်ကောင်းနေတာမလား။ ဒါနဲ့ သူ့အမှတ်တွေ ဘယ်လောက်တောင်တိုးလာလဲ မသိဘူး။

"ဖြူလုံး...ရေ'

Systemလေးက  သူ့အခေါ်အဝေါ်အား အထူးတလည် ရှင်းမနေတော့ပဲ ငြိမ်သာနေလိုက်တော့သည်။ မခေါ်နဲ့ဆိုလဲ ခေါ်နေဦးမှာပဲလေ ဒီလူက။

"System က လူကြီးမင်းကို အချိန်ပြည့် ဝန်ဆောင်မှုပေးပါတယ်'

System လေးကိုမြင်တော့ သူ့အမှတ်အကြောင်းမေးလိုက်မိသည်။

"ငါ့အမှတ် တိုးလာသေးလား?'

"ပြောရမယ်ဆိုရင်တော့ လူကြီးမင်း အလုပ်အကိုင်တိုးတက်မှု နှေးကွေးနေပါတယ်... ဒါက မူလဝေ့ဝူရှန့်ရဲ့ ပုံစံမဟုတ်လို့ အမှတ်ထပ်လျှော့ထားရပါတယ်'

"ဘာ!...အဲတာက ငါက အခြေအနေကြည့်နေရတာလေ... ဒါလောက်လေးနဲ့ ထပ်လျှော့ရသလား... လက်ရှိအမှတ် ဘယ်လောက်ကျန်သေးလဲ?'

Systemလေးက သူ့ရှေ့ကနေ ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက်နှင့် သေချာရှင်းပြလာသည်။

"လူကြီးမင်းရဲ့ မူလအမှတ်ကို ၁၀မှတ်(ဆယ်နှစ်စာ) ပေးထားပါတယ်... လူကြီးမင်း အမှတ်က ၁မှတ်ခွဲပဲ တက်သေးပြီး လျော့သွားတာက ၃မှတ်ရှိပါပြီ...ဒါကြောင့် လက်ရှိ ကျန်အမှတ် ၈မှတ်ခွဲ (၈နှစ်ခွဲစာ) ကျန်သေးပါတယ်'

Systemလေး စကားအဆုံး စိတ်တော်တော် လေးသွားရသည်။ ဒီအတိုင်းဆို သူ အမှတ်တွေ အလွယ်တကူ ထပ်လျော့နေလို့ မဖြစ်တော့ဘူး။ သတိကြွးကြီးထားရတော့မယ်။

"System အမှတ်တွေ အကုန်ရှုံးသွားခဲဘရင် ဘာဖြစ်မှာလဲ?'

"သေချာပေါက် ထက်မြတ်ဘဝကို စွန့်လွှတ်ရလိမ့်မယ်!'

သေရမယ်လို့ ပြောလိုက်တာလား?

ထိုအချိန်မှာပဲ လန်ကျန့်က သူ့ထံရောက်လာသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now