Part 22(ဒီတည်းခိုခန်းမှာ လေထုဖိအား နည်းနေတာလား?)

169 24 2
                                    

နောက်တစ်နေ့တွင် ဝေ့ဝူရှန့်မှာ မကြည်မလင်နှင့် နိုးထလာသည်။ တဆစ်ဆစ်ကိုက်နေသည့် ခေါင်းကြောင့် နဖူးကို ကျုံ့လိုက်မိကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရသည်။ မျက်လုံးဖွင့်ဖွင့်ချင်း နှာခေါင်းထိပ်ကြီး နီရဲနေကာ မှုန်ကုပ်ကုပ်နဲ့ကြည့်နေသည့် လန်ကျန့်ကို မြင်လိုက်ရသည်။ လန်ဝမ့်ကျီး က ဝေ့ဝူရှန့် ကို အပေါ်မှ ငုံ့ကြည့်နေပြီး ဝေ့ဝူရှန့်က လန်ဝမ့်ကျီး ကို အောက်မှမော့ကြည့်နေကာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ တိတ်ဆိတ်နေကြသည်။ ဝေ့ဝူရှန့်က အလိုမကျစွာ မျက်ခုံးကျုံ့ထားပြီး လန်ဝမ့်ကျီးက ရုပ်တည်ကြီးနှင့် နှာခေါင်းထိပ်က ရဲနေသည်။ လန်ဝမ့်ကျီး သတိရလာကာ ခုတင်ပေါ်က ကတိုက်ကရိုက်ဆင်းသွားပြီး ပုံမှန် ပြန့်ပြူးနေတတ်သည့် သူ့ဝတ်ရုံဖြူဖြူက အနည်းငယ်တွန့်ကြေနေပြီး သူက ဘာမှမဖြစ်သည့်ပုံနှင့် ဝတ်ရုံကို အသေအချာ ဖြန့်နေသည်။

ဝေ့ဝူရှန့် အချိန်ဆွဲမနေဘဲ ကုန်းထလိုက်ပြီး နာကျင်မှုကြောင့် ခပ်တိုးတိုးဆဲလိုက်မိသည်။

"ချီးပဲ!'

ဝေ့ဝူရှန့် system ကို အချိန်ရလျှင်တော့ ကောင်းကောင်း ရန်တွေ့ပစ်ရမည်ဟု တွေးလိုက်ကာ လန်ဝမ့်ကျီး က သူ့ကိုဆဲသည့ဟု ထင်သွားသည်။ လန်ဝမ့်ကျီး ဝေ့ဝူရှန့် ကို လှည့်ကြည့်လာသည်။

"မင်း ဘာပြောလိုက်တာ...'

ဝေ့ဝူရှန် ကိုယ်ပေါ်က စောင်ကို ဆွဲခွာကာ ခုတင်ပေါ်က ဆင်းလိုက်သည်။ လန်ဝမ့်ကျီး ၏ မျက်ဝန်းများ ပိုမိုပြူးကျယ်လာကာ တစ်ဖက်လှည့်သွားသည်။ ဝေ့ဝူရှန့် ပစ်ပစ်ခါခါ လွှတ်ပစ်ခံလိုက်ရသည့် သူ့ရဲ့ ဝတ်ရုံများကို တစ်စချင်းလိုက်ကောက်နေသည်။ လန်ဝမ့်ကျီးက အေးစက်စက် လေသံကြီးနှင့် မေးလာသည်။

"ငါ...ငါညက ဘာလုပ်မိတာလဲ?'

ဝေ့ဝူရှန့်သူ့ကိုယ်ပေါ်ကို ဝတ်ဆင်တော့မည်ပြင်နေသည့် သူ့အတွင်း ဝတ်ရုံကို ဆက်မဝတ်တော့ဘဲ လန်ဝမ့်ကျီး ရှေ့သွားရပ်လိုက်သည်။ လန်ဝမ့်ကျီး၏ နှာခေါင်းထိပ်က ပွင့်ထွက်တော့မတတ်ရဲတက်လာကာ သူ့ကို ပါးစပ်ဟလျှက်သားနှင့် ကြောင်ကြည့်နေသည်။ ဝေ့ဝူရှန့် သူ့ကိုယ်ပေါ်က ခရမ်းနီရောင် အကွက်အကွက်တွေကို လက်ညိုးနဲ့ တစ်ခုချင်းထိုးပြကာ ပြောသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now