Part 28(ကျန်းချန်ရဲ့စိတ်က အပျိုလေးထက် မှန်းရခက်တယ်)

129 18 0
                                    

နောက်ဆုံးတော့ ဝေ့ဝူရှန့်မှာ မတတ်နိုင်တော့ဘဲ မျက်နှာဖုံးကို ချွတ်လိုက်ရသည်။ လေတဖြူးဖြူးနှင့်အတူ လွင့်ပျံ့နေသည့် သူ့ရှေ့ဆံပင်များကို ဖူးကနဲမှုတ်ထုတ်လိုက်ရင်း ဒူးတစ်ဖက်ထောင်ကာ ဒူးပေါ်လက်ထောက်လျှက် စိတ်ပျက်လက်ပျက် ထိုင်နေလိုက်သည်။

ဖြစ်ချင်ရာ ဖြစ်တော့။ ငါလေးက ထွက်ပြေးလို့လဲ မရတော့ဘူးလေလို့။

ကျန်းချန်ရဲ့မျက်နှာက အမည်ဖော်မရသည့်ပုံမျိုးဖြင့် အနည်းငယ်ပြောင်းလဲသွားကာ သူ့ကိုဖမ်းချုပ်ထားသည့် ဇီထျန့်ကို ပြေလျော့ပေးလာသည်။ ဒေါသထွက်ခြင်းမျိုးတော့ မဟုတ်ပေ။ သို့သော် ၎င်းက ခဏတာသာဖြစ်သည်။ ဝေ့ဝူရှန့်က လွတ်မြောက်သည်နှင့် ထပြေးရန်ပြင်သော်ငြား သူ့ကိုယ်လုံးက ဇီထျန့်ဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရပြန်သည်။

ငလူး....ဖြေးဖြေးလုပ်ပါဟ။ ငါလေးအရိုးပေါ်က ကပ်နေတာတွေက အသားတွေပါဟ သံထည်တွေမဟုတ်ဘူး နာတယ်လို့....!!

သို့သော်ငြား ခံနိုင်ရည်ရှိသည့်နှယ် အသံမထွက်ပဲ တင်းခံနေရသေးသည်။ ဝေ့ဝူရှန့် မတ်တပ်ထရပ်တော့ သူ့ခြေထောက်တစ်ဖက်က နာနေပြီဖြစ်သည်။ ထော့ကျိုး ထော့ကျိုးဖြင့် ကျန်းချန်နောက်မှ လိုက်သွားလိုက်ရသည်။

"ဆရာတူညီရဲ့ စိတ်ကျေနပ်မှု ရရှိပြီး ရမှတ် ၁/၂မှတ်...''

(သူက ဘာကိုစိတ်ကျေနပ်သွားတာလဲ...ငါ့ကိုနှိပ်စက်ရလို့ စိတ်ကျေနပ်နေတာလား...ကလေးဆန်ချက်ပဲ...)

စိတ်ထဲ တတွတ်တွတ်နှင့် ပြောရင်းဆိုရင်း မကြာခင် တည်းခိုးခန်းတစ်ခုသို့ရောက်လာကြပြီဖြစ်သည်။

အင်း တည်းခိုခန်းကောင်းကောင်း ငှားထားတာပဲ။ ငါလေးက အဖမ်းခံရပေမယ့် တည်းခိုးခန်းကောင်းကောင်းတော့ သုံးရဦးမှာ....

"အာ့...!''

အတွေးမဆုံးခင် ကြမ်းပေါ်ပစ်ချခံလိုက်ရပြန်သည်။

ဝေ့ဝူရှန့် တစ်ချက်ညည်းညူလိုက်ပြီးမှ သူ့အတွေးကို ဆက်လိုက်သည်။

မဟုတ်ဘူးဘဲ....အင်း!

ကျန်းချန်က သူ့ကို ကြမ်းပေါ် ပစ်ချပြီးသည်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ စာပွဲ၌ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ သိပ်မကြာလိုက်ခင် ဝေ့ဝူရှန့် ရှေ့သို့ လိပ်ပြာပျိုလေးရောက်လာကာ ကုတ်ကုတ်လေးထိုင်နေသည်။ အသက်ရှူသံ တစ်ရွှီရွှီနှင့်။ ဝေ့ဝူရှန့်က ကြောက်လန့်နေသည့်ဟန်ဖြင့် နောက်ပြန် ဖင်ထိုင်လျှက် ဆုတ်သွားပြီးနောက် တိုင်းနှင့်ကျောကပ်သွားလေသည်။ သူပြောလိုက်သည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now