Part 36(ထိန်းသိမ်းခံထားရသော ပါရှားနှင့် ပျောက်ဆုံးနေသော ပါးရှားဓားသခင်)

109 9 4
                                    

ဂူတွင်း၌ အလုပ်သမားများအလုပ်ရှုပ်ကုန်ကြသည်။ သူတို့က မကြာခင်က ဖို့ထားသည့် မြေကြမ်းပြင်ကြီးကို အစမှပြန်၍ နောက်တစ်ကြိမ်တူကြရပြန်သည်။ တူးရင်း တူးရင်း ဖို့ထားသည့်မြေများ အကုန်လုံးနီးပါး မွစာကြဲသွားသည့်အခါ ဝေ့ဝူရှန့် ရုတ်တရက် ပြောလာသည်။

"ရပြီ ပြန်ဖို့လိုက်တော့...ဒါက သာမာန်အလောင်းတွေပဲ...''

နျဲ့ဟိုက်စန်းမှာ နထင်ကြောများသို့ သွေးများ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ ဒေါသထွက်လွန်းသဖြင့် သွေးတစ်ပွက်ပင် အန်ထွက်လုနီးနီး။

"မင်း...မင်း!''

ဝေ့ဝူရှန့် မချိပြုံးလေးပြုံးလိုက်ကာ အလေးအနက်တောင်းပန်လိုက်ပေသည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်...မဆင်မခြင်ပြုမိပါပြီ...ဒါကို ဆက်တူးစရာမလိုတော့ပါဘူး...ပြန်ဖို့လိုက်ပါတော့...''

နျဲ့ဟိုက်စန်းမှာ မကျေနပ်သော်ငြား မတတ်နိုင်။ သူက နျဲ့ဂိုဏ်းသားအချို့ကို လက်ဟန်ပြကာ မြေပြန်ဖို့ရန် အမိန့်ပေးလိုက်၏။ သူသည် ၎င်းကိစ္စကြီးက ဤမျှနှင့်ပြီးချေပြီဟု တွေးလိုက်ကာ အေးဆေးသွားပြီဖြစ်သည့် နဖူးပေါ်ရှိ ချွေးစတချို့ကိုသုတ်ဖယ်ရုံမျှရှိသေးသည် ဝေ့ဝူရှန့်၏ စကားကိုကြားလိုက်ရပြန်သည်။

"ဒီလိုဆို...ဟန်ကွမ်းကျွင်း...ဒါတွေကိုပဲ စစ်ကြည့်ရမှာပေါ့...''

"ဟမ်......!!!''

နျဲ့ဟိုက်စမ်း အလန့်တကြားနှင့် နောက်လှည့်ကြည့်လိုက်ရာ ဓားအုတ်ဂူတစ်ခု၏ အဖုံးအား လက်ဆစ်နှင့်ခေါက်ကာ စူးစမ်းနေသည့် ဝေ့ဝူရှန့်ကို မြင်လိုက်ရပေသည်။

"မင်း မင်းတို့ မဟုတ်မှ...''

ဝေ့ဝူရှန့်က နျဲ့ဟိုက်စန်းအား ခေါင်းစောင်းကြည့်ကာ ပြုံးလိုက်ပေသည်။

"ဂိုဏ်းချုပ်နျဲ့....သိပ်ကိုထက်မြက်လွန်းပါပေတယ်...''

ထို့နောက် ဟန်ကွမ်းကျွင်းကပါ တရိုတသေနှင့် လက်ယှက်ကာ ခွင့်တောင်းပေ၏။

"ဒုက္ခခံပေးပါဦး...!''

နျဲ့ဟိုက်စန်းမှာ ယပ်တောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျှက်။ သဘောမတွေ့သော်ငြား ငြင်းရန်လဲ သတ္တိမရှိပေ။ သူက လုပ်သာလုပ်ဆိုသည့် သဘောနှင့် နျဲ့ဂိုဏ်းသားများအား အုတ်ဂူများကို ဖွင့်စေလိုက်သည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now