Part 26(ဓားသင်္ချိုင်းကြီးတော့ ဗြောင်းဆ​န်သွားရှာပြီဟေ့)

112 19 0
                                    

ဝေ့ဝူရှန့် မှာ မီးသွေးလူသားလေး ဖြစ်နေရှာသည့် ကျင်းလင်ကို အလျင်စလို အထိတ်တလန့်နှင့် ဆွဲမကာ နှာခေါင်းအောက်၌ လက်ထိုးခံကာ အသက်ရှူမရှူ အရင်စမ်းရသည်။ အသက်မျှင်းမျှင်းကလေး ရှူနေတာသိရမှ သက်ပြင်းချနိုင်တော့သည်။

*ဒါပေါ့ ဒီကလေးက original ဝေ့ဝူရှန့်ရဲ့ ဆရာတူအစ်မက မွေးခဲ့တဲ့ တူလေးဆိုပေမယ့် ငါလေးနဲ့တော့ ဘာမှမဆိုင်တာ သိတာပေါ့။ ဒါပေမယ့် ဒီဟာလေး အမှတ်မထင် အသက်ပျောက်သွားရင် ငါ့missionကြီးလဲ ရှုံးပြီး ငါလေးလဲ ဒီခန္ဓာကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူးလေကွာ။ ဒီတော့လဲ ငါလေးက ပြာပြာသလဲ ဖြစ်ရတာ မဆန်းပါဘူးကွာ။*

နံဘေးက လန်ဝမ့်ကျီးကမူ ဝေ့ဝူရှန့် ရဲ့ ပြာပြာသလဲ ဖြစ်မှုကြီးကို ကြည့်ကာ အကြင်နာ ဂရုဏာတရား ပြည့်ဝလွန်းသည်ဟုပင် စိတ်ထဲမှ ချီးကျူးနေမလား။

ဝေ့ဝူရှန့် အတော်လေး စိတ်ကျေနပ်နေကာ လန်ဝမ့်ကျီးက သူ့နံဘေး၌ထိုင်ချလျှက် ကျင်းလင်ကို ဆွဲယူလိုက်ပြီး ချီစွမ်းအင်တစ်ချို့ လွှဲပေးနေသည်။ ဝေ့ဝူရှန့်မှာ ကျင်းလင်ကို ဘယ်သူများ လူကနေ မီးသွေးလူသားဘဝရောက်အောင် မြေမြှုပ်ထားသနည်း အတော်လေး သိချင်လာသည်။ လန်ဝမ့်ကျီးကလဲ ကျင်းလင်ကို အမြန်ဆုံးသက်သာလာစေရန် အလွယ်ကူဆုံးနည်းနှင့် ချီစွမ်းအင်လွှဲပေးကာ ကုသနေသည်မို့ ဝေ့ဝူရှန့် မှာလဲ အလုပ်မရှိဖြစ်နေသည်နှင့် လန်ဝမ့်ကျီး၏ ပီချန်ကို ဆွဲယူလိုက်သည်။ လန်ဝမ့်ကျီး မျက်လုံးတစ်ချက်ပင့်ကြည့်လာသည်။ ဝေ့ဝူရှန့်က ပီချန်ကိုယူပြီးသည်နှင့် ဓားသင်္ချိုင်းတစ်ခုလုံး၏ မုန်တိုင်းဝင်ကာ ငလျှင်လှုပ်သွားသည့်အလား  တဝုန်းဝုန်း တအုန်းအုန်း အသံများ ဆူညံသွားစေတော့သည်။ ပြာလွင်လွင် အလင်းတန်းများ တဖြတ်ဖြတ် လင်းလက်သွားပြီးနောက် မြေကြမ်းပြင်ကြီးတစ်ခုလုံး ခွေးလောက်ရှိသည့် ကြွက်များ ထိုးဖွသွားသည့်အလား  မွစာကြဲလျှက် ဗြောင်းဆန်သွားတော့သည်။ အမှန်ပင် သာမာန်ကြွက်လောက်ကတော့ ဒီလောက်ကြီး ဆိုးရွားအောင် မဖွနိုင်လောက်ဘူးမလား။ ဆိုတော့ ခွေးလောက်ရှိတဲ့ ကြွက်တွေ ဖွသွားတာပေါ့။ အဟမ်း ထားတော့။ ဝေ့ဝူရှန့် တစ်ယောက် မွှေချင်တိုင်း မွှေပြီးနောက် ပီချန်ကို ဘုတ်ကနဲ မြေပြင်ပေါ် ပြစ်ချလိုက်လေသည်။ လန်ဝမ့်ကျီး မှာ မျက်နှာသေနှင့် တားလဲမတားဘဲ ကျင်းလင်ကိုသာ ဆက်ပြီး စွမ်းအင်လွှဲပေးနေသည်။ ဝေ့ဝူရှန့်မှာ ​မြေပြင်ကို ငုံ့မကြည့်ရသေးဘဲ ကိုယ့်ကိုယ်တော့ အတော်လေး ဂုဏ်ယူနေမိသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now