Part 2(တဖက်သတ်အနမ်း)

746 55 0
                                    

"ဉာဏ်ထက် မင်းနှုတ်ခမ်းက စတော်ဘယ်ရီသီးလေးလား....အဟိ....အေ့'

ညပိုင်း သူငယ်ချင်းတွေစုပြီး မီးပုံပွဲလုပ်တော့ ထက်မြတ်က ရှန်ပိန်တွေ စွတ်သောက်ပြီး မူးနေတာ တစ်ခြားသူတွေ အိပ်ကုန်ကြပေမယ့် အခန်းဖော်ဖြစ်တဲ့ ဉာဏ်ထက်မှာ ဆွဲမရ လွဲမရ။ ၆ပေကို အနည်းငယ် ကျော်နေသည့် ထက်မြတ်၏ အရပ်ကလန့်ကလားကြီးကို အတင်းရှုပ်ဖမ်းကာ အခန်းထဲ ဆွဲခေါ်လာရသည့်တိုင် ငမူးကောင်ကာ ပါးစပ်က ပေါက်ပေါက်ဖော်လို့ကောင်းနေတုန်း။

"ဉာဏ်ထက်လို့ ဒီစတော်ဘယ်ရီသီး.....'

အိပ်ယာပေါ်လှဲစေလိုက်ခါမှ သူ့လက်ကို ဆွဲချကာ နှုတ်ခမ်းကို ခပ်ဖွဖွ ထိကိုင်လာသည့် ထက်မြတ်ရဲ့ လက်ချောင်းသွယ်သွယ်တွေ။ အနီးကပ်မြင်နေရသည့် ထက်မြတ်ရဲ့ မျက်နှာ ချောချော။ ပရမ်းပတာ ဖြစ်လာတဲ့ နှလုံးသားဟာ ယောက်ျားလေး တစ်ယောက်ကြောင့်တဲ့လား???

သူ့နှုတ်ခမ်းတွေပေါ်ပွတ်သတ်နေသည့် လက်သွယ်သွယ် နုနုယွယွတွေကြောင့် ဆန်းပြားလာတဲ့ နှလုံးခုန်သံကို တစ်ယောက်တည်း စိတ်ငြိမ်အောင် ထိန်းရသည်။

"ဟူး....'

သူ့နှုတ်ခမ်းတွေအပေါ်မှာ အတော်ကြာကြာ လှုပ်ရှားနေသည့် ထက်မြတ်ရဲ့ လက်ချောင်းလေးတွေကို အသာရယ် ဖယ်ချရင်း သက်ပြင်းမောချရသည်။

မူးတဲ့သူက မူးနေတော့ အကြောင်းမဟုတ်။
မမူးသည့် သူက စိတ်အာရုံတွေ ဆန်းပြားလာရတာကို ကိုယ့်ဘာသာ တွေးကာ ကိုယ့်ဘာသာ မျက်နှာပူရသည်။

"ဒီစတော်ဘယ်ရီသီးလေးတွေ....ရှန်ပိန်နဲ့မြည်းရမှာ'

သူ့စကားနှင့်သူ သဘောကျကာ အားရပါးရ ပြုံးလိုက်သည့် ထက်မြတ်ဟာ ရှေ့က သာမန်ထက် အနည်းငယ်ကြီးနေတဲ့ သွားလေး နှစ်ချောင်းက ချစ်စရာကောင်းစွာ ထွက်ပေါ်လာသည်။ ပင်ကိုအတိုင်း ရဲကာ စိုနေသည့် နှုတ်ခမ်းလှလှအောက်က ​ရယ်လိုက်မှ ထွက်လာခဲ့သည့် မှဲ့နက်သေးသေးလေး။ ခပ်ထင်းထင်းမေးရိုးတွေနဲ့ လိုက်ဖက်သည့် ဖြူနုနုပါးပေါ်က ချိုင့်ဝင်သွားသည့် ပါးချိုင့်ကလေး။

ပြီးတော့ မထိန်းချုပ်နိုင်စွာ တိုးခုန်လာခဲ့သည့် သူ့ရင်ဘတ်ထဲက နှလုံးသားလေး။ အမူးသမားကို တစ်ယောက်တည်း ထိန်းရင်း တစ်ယောက်တည်း ရူးနေမိသည့် ဉာဏ်ထက်။ သူ့မျက်နှာကို ပိုမိုနီးကပ်စွာ ကပ်ကြည့်လာသည့် ထက်မြတ်ကြောင့် ဆွဲထားသည့်လက်တွေကို ရုန်းကာ သူ့ရင်ဘတ်ကို သူဘာသာလက်နှင့်ဖိရင်း ခုတင်ဘေးမှာ ငုတ်တုတ်ထိုင်ချမိသည်။ ဒါက ဘယ်လို ခံစားချက်ကြီးများလဲ။ သူက မူးနေလို့ ထင်ယောင်ထင်မှား လုပ်တာ ဟု သတ်မှတ်လို့ရသော်ငြား မမူးသည့် သူက ကိုယ့်နှလုံးသားကို ညာ၍ မရနိုင်ခဲ့ပေ။

If we'll meet in another life(uni+zaw) 'System'Où les histoires vivent. Découvrez maintenant