Part 14(ယုန်ကလေးက ချစ်သက်သေ 2)

224 24 2
                                    

"လန်ကျန့်..... မင်းအမြဲတမ်း မီးပုံး တစ်ယောက်တည်းလွှတ်တာလား....မင်းက ပျင်းစရာကောင်းလိုက်တာကွာ....ဒီနှစ်ငါနဲ့ မီးပုံးအတူလွှတ်ရအောင်....'

ဝေ့ဝူရှန့်နှင့် လန်ဝမ်ကျီးတို့သည် တိမ်လွှာနန်းမြိုင်၏ တူညီဝတ်စုံအဖြူလေးများဖြင့် ဘေးချင်းကပ်ထိုင်လျှက်ရှိကြပြီး လက်ထဲ၌မူ မီးပုံးများကို ကြိုးစားပန်းစား ဖန်တီးနေရှာ၏။ ပတ်ဝန်းကျင်ရှိ စာသင်သားများသည်လည်း သူတို့နည်းတူ စကားတပြောပြောဖြင့် ပျော်ရွှင်စွာ ပွစိထိုးနေကြသေးသည်။ ထို့အထဲ၌ လန်ဝမ့်ကျီးကမူ ချွင်းချက်ဖြစ်၏။ ထာဝစဥ် ရေခဲရိုက် မျက်နှာထားဖြင့် စကားတစ်ခွန်းမျှ မဆိုပဲ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်လျှက် ရှိပေ၏။ အငြိမ်မနေနိုင်သည့် ဝေ့ဝူရှန့်ကမူ ထိုရေခဲတုန်း ဘေး၌ ကပ်လျှက် စကားမပြန်သည်ကို တစ်ဖက်သတ်ကြီး စိတ်ကောက်လျှက် နှုတ်ခမ်းစူလိုက်ပေ၏။ ထို့နောက် အနားသို့ ပိုတိုးကပ်သွားကာ ပုခုံးကို တွန်းရင်း ထပ်မံပူဆာပြန်သည်။

"နော် လန်ကျန့် နော်....ငါနဲ့အတူ မီးပုံး လွှတ်ရအောင်...နော်....လန်အာကောကော....'

လန်ဝမ့်ကျီးသည် မီးပုံးပေါ်ရှိ ဆီစိမ်စက္ကူလေးအား သေချာဖြန့်နေရင်းမှ တုန့်ကနဲ ရပ်တန့်သွားပေ၏။ ထို့နောက်တွင်မူ ပုံမှန်အတိုင်း အေးစက်စက်ဖြင့်သာ စကားပြန်လေသည်။

"ငါက တစ်ယောက်တည်းလွှတ်နေကျ...'

ထိုအခါ ဝေ့ဝူရှန့်က သူ့ဆီစိမ်စက္ကူလေးကို ဖြန့်ရင်း ပြုံးပြုံး ပြုံးပြုံးဖြင့် ဆိုတော့သည်။

"ဒါက...အကျင့်ပဲလေ...ပြင်လို့ရတာပဲ....အမြဲတမ်း မင်းက တစ်ယောက်တည်း သီးသန့်ကြီးနေ.နေတာ စိတ်ဝင်စားစရာနည်းနည်းမှ မကောင်းဘူး...အခု ငါရှိတယ် ဆိုတော့ ငါနဲ့အတူလွှတ်မယ်လေ....ဒီမှာကြည့် ဒါက လန်အာကောကောဖို့ ကျွန်တော် ဝေ့ဝူရှန့်က ကြိုးစားပမ်းစား ဆွဲပေးထားတာ လှတယ်မလား?'

လန်ဝမ့်ကျီးကမူ ဝေ့ဝူရှန့်လက်ထဲမှ ယုန်ရုပ်ကလေးပါသည့် မီးပုံး စက္ကူကလေးအား စိုင်ကြီးပြီးနောက် ခပ်ရေးရေးသော အပြုံးကလေးသည် အမြဲလိုလို ခက်ထန်အေးစက်လှသည့် နှုတ်ခမ်းရဲရဲတို့ပေါ်၌ ဖြစ်တည်လာတော့သည်။ ဤအခြေအနေအားမြင်သည့် ဝေ့ဝူရှန့်သည်လည်း နှလုံးသားတစ်ခုလုံး၌ နူးညံ့ ညင်သာမှုကလေးတစ်ခုပေါ်ပေါက်ကာ မသိမသာ ခုန်လှုပ်ပေတော့သည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now