Part 24(မြေမြှုပ်ခံထားရသော ကျင်းသခင်လေးအား ကယ်တင်ခြင်း 1)

141 19 2
                                    

လန်ဝမ့်ကျီးက ခပ်အုပ်အုပ် ဝါးတောထဲ၌ အေးဆေးတည်ငြိမ်စွာ တစ်လှမ်းချင်း လျှောက်နေရင်း ဝေ့ဝူရှန့်မှာမူ သူ့နောက်မှာကျန်ခဲ့လိုက် ရှေ့ကျော်သွားလိုက် ဘယ်ဘက်ရောက်လိုက် ညာဘက်ရောက်လိုက်နှင့် ဝါးရွက်ချွန်လေးများကို ခုန်ခူးနေရင်း လိုက်လာသည်။ ရုတတရက် သူတို့ ခွေးဟောင်သံတစ်ချို့ကြားလိုက်ရသည်။ ဝေ့ဝူရှန့် မှာ အတော်လေး အကျင့်ပါနေပြီဖြစ်သည်မို့ သူ့ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်နိုင်စွမ်းပင် ရှိနေသည်။ သူက လန်ဝမ့်ကျီး၏ ကိုယ်ကို အကာအကွယ်ယူကာ လက်မောင်းနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း နောက်၌ ဝင်ပုနေလိုက်သည်။

"လန် လန်ကျန့်...ခွေးသံမလား?'

လန်ဝမ့်ကျီး ပြန်ဖြေလိုက်သည်။

"အဝေးကြီးပဲ ပုန်းစရာမလိုဘူး...'

ဝေ့ဝူရှန့် မချိပြုံးလေးပြုံးကာ မကြာခင်က သူခူးထားသည့် ဝါးရွက်ချွန်လေးကို ရှေ့သွားနှင့်ကိုက်ရင်း ပုံမှန်တိုင်း ရှေ့ဆက်လျှောက်ကြသည်။ လန်ဝမ့်ကျီးအနေနှင့် ဝေ့ဝူရှန့် အပေါ် အရင်တစ်ခေါက် သေရည်မသောက်နိုင်ကတည်းက အနည်းငယ် သံသယရှိနေသော်ငြား ဤဝေ့ဝူရှန့်သည် ခွေးကတော့ ယခုထိ သေလောက်အောင် ကြောက်နေတုန်းပင်။ လန်ဝမ့်ကျီး၏ နှလုံးသားနှင့် စိတ်အစဥ်က ရှုပ်ထွေးပွေလီလျှက်ရှိပေသည်။ သူက ယခု သူ့နံဘေး၌ ရှိနေသည့် တစ်ယောက်သည် ဝေ့ဝူရှန့် အစစ်အမှန် ဟုတ်မဟုတ်ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။

သို့ပါသော်ငြား မနေ့ညက သူတို့ တည်းခိုခန်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူမမှတ်မိသည့်တိုင် ဘာဖြစ်ခဲ့သည်ဆိုသည်မှာ သိသာလှသည်။ ဝေ့ဝူရှန့်သည်ကား ထိုကိစ္စအပေါ် မနှစ်မြို့ဟန် မဆိုစလောက်ကလေးသာ ပြပြီး သူ့ကိုအပြစ်မဆိုခဲ့ပေ။ ဟာသသဘောနှင့်တောင် နောက်ပြောင်နေသေးသည်။ အကယ်၍ သူလွန်ကျူးမိသည့်သူက ဝေ့ဝူရှန့် အစစ်မဟုတ်ခဲ့ရင်ရော ဟု တွေးမိသော်ငြား သူထင်ထားသလောက်တော့ ကသိကအောက် မနိုင်ခဲ့ပေ။ ဒါက ဝေ့ဝူရှန့် နှင့်ပတ်သတ်သမျှ အရာရာတိုင်းကို သူမြတ်နိုးမိ၍ ဖြစ်နိုင်သည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now