Part 6(The one that got away)

424 44 5
                                    

တစ်လခန့်​ြကာပြီးနောက်.....

တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော ညသန်းခေါင်ချိန်ကြီး ​ဖျတ်ကနဲ သူလန့်နိုး မိတော့ ရင်ထဲက ပူစပ်ပူလောင် ခံစားချက်နဲ့ မောဟိုက်ချင်သလိုလို...ဟာလာဟင်းလင်း ဖြစ်နေသည့် ခံစားချက်ဟာ....သူဘာဖြစ်တာပါလိမ့်။ ပူလောင်နေသည့် လည်ချောင်းကြောင့် ရေသောက်ရန် မီးဖိုဆောင်သို့ ဝင်လာခဲ့ရင်း အမျိုးအမည်မသိသည့် ခံစားချက်ကြီးကြောင့် ခေါင်းများပင် တစ်ဆစ်ဆစ် ကိုက်လျှက်ရှိသည်။ ရေခဲသေတ္တာထဲက ခဲလုနီးနီး ရေအေးအေးတွေကို အငမ်းမရ ယူသောက်ပစ်လိုက်သော်လည်း မသက်သာ။
ရေတစ်ဗူးလုံးကုန်အောင် မော့ချလိုက်ရင်း ကိုက်ခဲနေသည့် ခေါင်းကို အသာဖိလို့ အိပ်ခန်းပြန်ရန် ခြေလှမ်းပြင်တော့ အနောက်ဘက် သစ်သားတံခါးဆီမှ တကျွတ်ကျွတ် အသံကြားမိတော့ ကိုက်ခဲနေသည့် ကြားမှ သူ စပ်စုမိသေးသည်။

"ဘာမှလဲ မရှိဘူး...'

ဘာမှ မတွေ့ရ၍ အိပ်ခန်းဆီသာ ပြန်လာခဲ့ကာ နောက်တစ်ဖန်ပြန်လည် အိပ်စက်ရန် ကြိုးစားရသည်။ သို့သော် ပူလောင်နေသည့် ခံစား ချက်နှင့် အိမ်အနောက်ဖက်မှ တကျွတ်ကျွတ်မြည်သံကြောင့် အိပ်မပျော်။ မျက်လုံးကို ဖိမှိတ်ရင်း အတွေးတို့က ဟိုတစ်စ ဒီတစ်စ လွင့်ပျံ့လျှက်ရှိသည်။

မနက်ကို ဉာဏ်ထက်က သူနဲ့ လာတွေ့ပါဆိုသောကြောင့် သူသွားရဦးမည်။ ယခုတစ်လော အတွင်း စိတ်နဲ့ ကိုယ်မကပ်သည့် ဉာဏ်ထက်ဟာ ဘာဖြစ်နေသလဲ သူ မခန့်မှန်းတတ်။

"ငါသာ မင်းဘဝထဲက ထွက်ခွာသွားရင် မင်း ကောင်းကောင်း ရှင်သန် မှာလား?'

ထို အဆက်အစပ် မရှိသည့် စကားကိုလဲ ခဏခဏ လာလာပြောနေတာ ဘာကြောင့်မှန်း မသိ။

ဟိုတွေး ဒီတွေးနဲ့ အိပ်လို့မပျော်တော့ အခန်းပြင် ထွက်လာကာ ရေငတ်နေသည့် ခံစားချက်ကို ဖြေဖျောက်ဖို့ရန် နောက်တစ်ကြိမ် မီးဖိုဆောင်သို့ ဝင်လာတော့ ရေသောက်နေသည့် မေမေ့ကို တွေ့ရသည်။

"မာမီ...'

"ထက်မြတ်...ရေသောက်မလို့လား?'

"ဟုတ်ကဲ့...ရာသီဥတုက အရမ်းပူတယ်...ဒါနဲ့လေ...မာမီ...နောက်ဘက် သစ်သားက အသံကြားနေတယ်'

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now