Part 17

11.1K 1.1K 95
                                        

ZawGyi

ထိုကောင်လေးပြောလိုက်သည့်အခါ စားပွဲပေါ်ရှိ အချိုရည်မဟုတ်သော ကော့တေးခွက်ကို ကြည့်လိုက်မိပီးနောက်

"ကျေးဇူးပဲ မသောက်တော့ဘူး။ ညစာမစားရသေးတော့ ဒါတွေသောက်လိုက်ရင် အဆင်မပြေဖြစ်တတ်လို့"

ဘာရယ်မဟုတ် ဟိုတစ်ခါဂျပန်တွင်ဆေးမိခဲ့ပီးကတည်းက ဒီနောက်ပိုင်းတွင် ရှောင်ကျန့်အလွန်သတိထားခဲ့မိသည်။ တစ်ခါခံလိုက်ရဖူးပေမယ့် နှစ်ခါတော့သူအဖြစ်မခံနိုင်ဘူးမဟုတ်လား။ အဲဒီလိုပြောလို့ လူတိုင်းကို သူမယုံကြည်ခြင်းမဟုတ်သော်ငြား သတိဟူသည်ပိုသည်မရှိလို့သာ တွေးမိခြင်းကြောင့်ဖြစ်သည်။ သူငြင်းလိုက်သောအခါ ထိုကောင်လေးက

"အခုအချိန်ထိ ဘာမှမစားရသေးဘူးလား? အဲဒါဆို စားရင်းနဲ့မှပြောရအောင်။ ဒီမှာ မှာထားတာတွေကို ကောမကြိုက်ရင် အသစ်ထပ်မှာပေးမယ်လေ"

"နေပါစေ။ မစားတော့ဘူး။ အကိုက အိမ်ထမင်းဟင်းပဲစားတတ်လို့။ အဲဒါဆို အလုပ်ကိစ္စပဲ မြန်မြန်လေးပြောလိုက်ရအောင်"

"ကော ကစကားနားမထောင်ဘူးကွာ။ အကြမ်းနည်းမသုံးချင်ပါဘူးဆို"

ရှောင်ကျန့်၏စကားအဆုံးတွင်တော့ မူလက ဖော်ရွေရင်းနှီးပုံမျက်နှာဖြင့်ကောင်လေးက သူမဟုတ်တော့သည့်အတိုင်း ပြောင်းလဲသွားသည့်မျက်နှာမှာအမှန်ကို ကျောချမ်းဖွယ်အတိဖြစ်သည်။ ပြောလာသည့် စကား၏အဓိပ္ပါယ်ကို နားမလည်သည့်ရှောင်ကျန့်က မျက်ခုံးများကိုတွန့်ချိုးမိလိုက်ပီး ပြန်မေးလိုက်သည်က

"မင်း ဘာပြောတာလဲ?"

"ကျွန်တော်က စိတ်ရှည်ရှည်ထားပေးထားပီး ကောလည်းပျော်ရွှင်မှုရအောင်လုပ်ပေးမလို့ကို ကောကခေါင်းမာနေတာကိုး"

"ရိုင်းစိုင်းတဲ့ကောင်ပဲ ဘယ်လို မိမဆုံးမဖမဆုံးမလဲ"

သူမေးလိုက်သောအခါ သူ့အနားသို့တိုးကပ်လာရင်း ပြောလာသည် ထိုကောင်လေး၏စကားကြောင့် ရည်ရွယ်ချက်ကိုသိလိုက်သည့်သူက သူ့၏မျက်နှာအနားသို့တိုးကပ်လာနေသည့် တစ်ဖက်လူ၏ လက်အားရိုက်ထုတ်လိုက်ကာ ထိုနေရာမှထကာ အခန်းတံခါးကိုဆွဲဖွင့်လိုက်လေသည်။ တံခါးဖွင့်လိုက်သည်နှင့် သူတွေ့လိုက်ရသည်က အပြင်တွင်စောင့်နေကြသည့် သက်တော်စောင့်များကြောင့် ရှောင်ကျန့်မှာအလွန်ပင် ထိန့်လန့်သွားရသော်လည်း သူ၏အကျင့်အတိုင်း တည်ငြိမ်ချင်ယောင်ဆောင်လိုက်၍ ထွက်ရန်ပြင်လိုက်သည့်အခါ ချက်ချင်းပင် ထိုလူများက သူ့အားအခန်းအတွင်းထဲသို့ပြန်ထည့်လိုက်ကာ အခန်းတံခါးကိုပိတ်လိုက်ကြသဖြင့် သူလည်းဒေါသအလွန်ထွက်လာရပီး ယခုအချိန်ထိ ထိုင်နေရာမှပင်မထသေးသော ကောင်လေးထံသို့ပြန်သွားကာ

Meet Point Of Parallel Lines Where stories live. Discover now