Part 50

11.8K 974 33
                                        

ZawGyi

လန်ရှန်းမီကိစ္စဖြေရှင်းပီးသည်နှင့် ကုမ္မဏီသို့ပြန်သွားနေသည့် လမ်းမှာပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်သည်ဟု ဖုန်းဆက်လာသဖြင့် သွားလိုက်ရသည်မှာ ညနေ ဝမ်အိမ်တော်တွင်လုပ်သည့် သူ၏မွေးနေ့ညစာစားချိန်ကိုပင် နောက်ကျမှရောက်လာခဲ့သည်။ ရောက်သည်နှင့်ရှောင်ကျန့်အား ဟိုအရူးမနှင့်သူ ဘာမှမပတ်သတ်ကြောင်းပြောပြရန်ပြင်လိုက်သော်လည်း အိမ်ရောက်မှပြောမည်ဟု ပြောလာသဖြင့် ရှင်းပြခွင့်မရလိုက်။ ထမင်းစားနေသည့်အချိန် တစ်လျှောက်လုံးလည်း ရှောင်ကျန့်က သူ့ဘက်ကိုတစ်ချက်ပင်လှည့်မကြည့်ခဲ့သဖြင့် ဝမ်ရိပေါ်အတွက်တော့ အတော့်ကိုဆိုးရွားသည့် မွေးနေ့ညစာဖြစ်ခဲ့ရသည်။ ကားပေါ်တွင်သေချာရှင်းပြရန် အတူပြန်မည်ဟုပြောသော်လည်း လက်မခံပြန်သည့် ရှောင်ကျန့်အား အိမ်ရောက်သည်နှင့် ချက်ချင်း လန်ရှင်းမီနှင့်သူ ဘာမှမပတ်သတ်ကြောင်းပြောလိုက်သော်လည်း သူ၏စကားပင်မဆုံးသေး ရှောင်ကျန့်ကစိတ်မဝင်စားကြောင်းပြောလာခဲ့သည်။ နှလုံးသားတစ်ခုလုံးဆွဲစုပ်ခံလိုက်ရသည့်နှယ် နာကျင်သွားမိသည့်သူက ကြားလိုက်ရသည့်စကားအား သေချာစေရန်အလို့ဌာ ထပ်မေးလိုက်မိသည်က

"တကယ်ပဲ နည်းနည်းလေး....နည်းနည်းလေးတောင်မှ စိတ်မဝင်စားဘူးလား?"

"အင်း မင်းဘာသာ အဲဒီမိန်းမမှမဟုတ်ဘူး ဘယ်သူနဲ့ပဲပတ်သတ်ပတ်သတ် လုံးဝစိတ်မဝင်စားဘူး"

ထိုကဲ့သို့ ပြောပီးသည်နှင့် သူ့အားကျောခိုင်းကာ ထွက်သွားသည့် ကျောပြင်ငယ်အားကြည့်ကာ

"ကြည့်ရသေးတာပေါ့ ရှောင်ကျန့်ရာ"

ရှောင်ကျန့်၏စကားကို အတည်ပြုမည့်ဝမ်ရိပေါ်က နောက်နေ့တွင်တော့ မိန်းမတစ်ယောက်ကို အိမ်သို့ခေါ်လာခဲ့သည်။ ယွီပင်းလှမ်းပြောလို့ ရှောင်ကျန့်က စောပီးအိမ်ပြန်သွားသည်ကို သိရသဖြင့် သူလည်းထိုမိန်းမနှင့် အိမ်တွင်ကြိုသွားစောင့်နေလိုက်သည်။ ခဏအကြာတွင် ကားသံကြားလိုက်ရသဖြင့် ရှောင်ကျန့်ပြန်ရောက်လာပီးမှန်းသိကာ ထိုမိန်းမနှင့်ထိုင်ခုံပေါ်တွင်ပူးကပ်၍ ထိုင်နေမိသည်။ အထဲသို့ဝင်လာသည်နှင့် ထိုမြင်ကွင်းကိုတွေ့သွားသည့် ရှောင်ကျန့်က အကြီးအကျယ်ဒေါသထွက်ကာ အော်ပြောလာသဖြင့် ဝမ်ရိပေါ်စိတ်ထဲ ကြိတ်ဝမ်းသာသွားမိသည်။ ဤအတိုင်းဆို ရှောင်ကျန့်က သူ့ကိုလုံးဝဂရုမစိုက်တာတော့မဟုတ်ဘူးမလား။

Meet Point Of Parallel Lines Where stories live. Discover now