Part 55

10.6K 997 65
                                    

ZawGyi

အိပ်နေရင်းမှချမ်းလာသဖြင့် ရှောင်ကျန့်မျက်လုံးများကိုဖွင့်လိုက်သည့်အခါ ညကကန်ထုတ်ထားမိသည့်စောင်က ကုတင်အောက်တွင်ရောက်နေလေသည်။ နံရံပေါ်က နာရီဆီသို့အကြည့်ရောက်မိသွားတော့ မနက်ခုနှစ်နာရီသာရှိသေးသော်လည်း ဆက်ပီးအိပ်မနေချင်တော့သည့် ရှောင်ကျန့်က မျက်နှာသစ်ပီးနောက် အားကစားဝတ်စုံဝတ်ကာ အခန်းထဲမှထွက်လာလိုက်သည်။ အပြင်ရောက်သည်နှင့် ဆိုဖာပေါ်တွင်ခွေခွေလေးအိပ်နေသည့် ဝမ်ရိပေါ်ကိုတွေ့လိုက်ရသဖြင့်

"စာကြည့်ခန်းမှာသွားမအိပ်ဘဲ သူကဘာလို့ဒီခုံသေးသေးလေးမှာ လာအိပ်နေရတာလဲ? ဘာလဲ...သိပ်ပီးမတရားလုပ်ခံနေရတဲ့ပုံစံပြချင်တာလား...စောင်မရှိဘာမရှိနဲ့"

အောက်ထပ်သို့ဆင်းလာပီးသည်နှင့် ခြံထဲတွင်ရပ်ထားသည့်ကားပေါ်သို့တက်လိုက်ကာ နီးစပ်ရာပန်းခြံတစ်ခုသို့မောင်းသွားလိုက်ပီး မနက်ခင်းစိတ်ကြည်လင်လန်းဆန်စေရန် ပတ်ပြေးနေလိုက်သည်။ တစ်နာရီခန့်ပြေးပီးသည့်အခါ ရှောင်ကျန့်မှာ မနက်စာဝင်ဝယ်လိုက်ပီးမှ အိမ်သို့ပြန်လာခဲ့သည်။ အိမ်နားရောက်ခါနီးမှ တစ်ခုခုကိုသတိရသွားပြန်သည့် ရှောင်ကျန့်ကတစ်နေရာရာသို့ ကားကိုဦးတည်လိုက်ပြန်သည်။

ဝမ်ရိပေါ်အိပ်ယာနိုးလာသည့်အခါ မနက်ကိုးနာရီထိုးတော့မည်ဖြစ်သည်။ အိပ်နေရာမှထလိုက်သည့်အခါ အနေအထားမမှန်ဘဲ တစ်ညလုံးအိပ်ခဲ့မိသဖြင့် ခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်သွားရလေသည်။ ထို့နောက်အိပ်ခန်းတံခါးအား အနည်းငယ်ဖွင့်ဟကြည့်လိုက်သည့်အခါ ရှောင်ကျန့်အားမတွေ့ရသဖြင့် အောက်သို့ဆင်းကြည့်သော်လည်းမရှိသဖြင့် ကားတည်နေရာခံစက်ကိုဖွင့်ကြည့်လိုက်မိသည်။ ထိုအခါမနက် ခုနှစ်နာရီကျော်ကတည်းက အိမ်မှထွက်သွားသည့် ရှောင်ကျန့်က ပန်းခြံတွင်အချိန်တစ်ခုကြာနေပီးမှ တစ်နေရာဝင်ကာ အိမ်သို့ပြန်လာနေသည်ကိုတွေ့ရသည်။ သို့သော်သူကြည့်နေတုန်း ကား၏တည်နေရာမှ ပြောင်းသွားပြန်သဖြင့်

"ပြန်မလာသေးဘူးလား? ဘယ်ထပ်သွားဦးမလို့လဲ? ကျစ်! လက်ကဒဏ်ရာကြောင့် အနောက်ကလိုက်သွားဖို့ကလည်းမဖြစ်နိုင်ဘူး"

Meet Point Of Parallel Lines Donde viven las historias. Descúbrelo ahora