Part 22

10.1K 1.1K 272
                                    

ZawGyi

ညစာ စားချိန်အထိပြန်မရောက်လာသည့် ဝမ်ရိပေါ်က ညဆယ့်တစ်နာရီလောက်ကြီးတွင် အခန်းတံခါးကိုလာခေါက်သဖြင့်

"ရိပေါ် ပြန်ရောက်လာပီလား? နှစ်သစ်ကူးရက်ကြီးကို အိမ်မှာညစာလေးတောင် မစားဘူး"

"ရှောင်ကျန့် မင်းဘာအချိုးချိုးတာလဲ?"

"ရိပေါ် ဘာဖြစ်ရပြန်ပီလဲကွာ?"

"ဆက်ခံသူနေရာက နှုတ်ထွက်မယ်ဆိုတာလေ"

"အဲဒါကတော့ မင်းလည်းသိတဲ့အတိုင်းပဲ ငါနှုတ်မထွက်ရင်လည်း ရှယ်ယာရှင်တွေက ငါ့ကိုအလွတ်ပေးမယ်ထင်နေလား? နှုတ်ထွက်ဖို့ ဥက္ကဌကြီး ကိုဖိအားပေးကြမှာပဲ။ ငါ့ကြောင့် ဥက္ကဌကြီး အခက်တွေ့မှာကိုငါမလိုလားဘူး"

"အဲဒါတွေ ငါစိတ်မဝင်စားဘူး။ ဆက်ခံသူနေရာကို ရတဲ့သူကအနိုင်ဆိုတာ ငါတို့ပြောထားတာကိုမင်းမေ့သွားပီလား? မင်းက အခုလို ရုတ်တရက်ကြီးထွက်သွားတော့ ဘယ်လိုလုပ်မလဲ? ဘာလဲ ငါ့ကိုကြောက်လို့ လက်လျှော့လိုက်တာလား? မင်းအခုလိုထွက်သွားတာနဲ့ မင်းရှုံးပီနော်။ ဒီအတိုင်းတော့ လုံးဝထွက်သွားလို့မရဘူး ရှောင်ကျန့်"

"ဝမ်ရိပေါ် ငါတို့တော်သင့်ပီထင်တယ်။ အဓိပ္ပါယ်မရှိ လျှောက်ပြိုင်နေတာတွေကိုရပ်လိုက်ရအောင်။ ဒီအတိုင်း ကိုယ့်ဘဝကိုယ်နေပီး ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင်နော်"

ရှောင်ကျန့်အမှန်ပင် ဝမ်ရိပေါ်နှင့် ပြိုင်ဆိုင်နေရသည်ကို စိတ်ကုန်နေပီဖြစ်သည်။ သူ့ဘဝကို အေးအေးချမ်းချမ်း သာမန်အတိုင်းသာဖြတ်သန်းလိုတော့ပီး ဝမ်ရိပေါ်နှင့်လည်း အဆင်ပြေပြေမနေနိုင်လျှင်တောင် ရန်စများတော့ရှိမနေချင်တော့ပေ။

"မရဘူး ရှောင်ကျန့်!!! မရဘူး!! မင်းအခုထွက်သွားရင် ငါ့ကိုအရှုံးပေးလိုက်တာပဲ! အရှုံးမပေးနိုင်ဘူးဆိုရင် ထွက်သွားလို့မရဘူး"

"ငါ့ကို လာအော်မနေနဲ့ ဝမ်ရိပေါ်! ငါကောင်းကောင်းမွန်မွန်ပြောနေတာကို လက်မခံတာတော့မင်းသဘောပဲ။ အေး...အခုလိုထွက်သွားလို့ မင်းကိုကြောက်ပီး အရှုံးပေးတယ်လို့ထင်ချင်လည်းရတယ်။ မင်းသဘောပဲ ငါဂရုမစိုက်ဘူး"

Meet Point Of Parallel Lines Where stories live. Discover now