Part 53

11.3K 1.1K 63
                                        

ZawGyi

စာကြည့်ခန်းထဲတွင် ကျန်ရစ်ခဲ့သည့် ဝမ်ဥက္ကဌမှာ အခန်းထဲမှ ထွက်သွားသည့် ဝမ်ရိပေါ်ကိုကြည့်ပီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ တစ်ဦးတည်းသောမြေးဖြစ်သည့် ထိုကလေးအားချစ်လွန်းသဖြင့် ငယ်ငယ်ကတည်းက အလိုလိုက်အကြိုက်ဆောင်ပေးခဲ့သည်။ သူ့ဘဝမှာနောင်တအရဆုံးအရာကို ပြောရပါလျှင် သားဖြစ်သူကို ရိပေါ်လေးအမေနှင့်လက်ထပ်ပေးခဲ့မိခြင်းသာဖြစ်သည်။ အေးဆေးနေတတ်သူဖြစ်သည့် သားအား သွက်လက်ထက်မြက်သည့်အမျိုးသမီးနှင့်ဆို အဆင်ပြေမည်ထင်ကာ လက်ထပ်ပေးခဲ့မိသော်လည်း မာနကြီးကာမောက်မာသူလည်းဖြစ်နေပြန်သည့် ရိပေါ်လေးအမေက သားဖြစ်သူနှင့် အဆင်မပြေခဲ့ပေ။ နောက်ဆုံးအိမ်ထောင်ရေးအဆင်မပြေမှုနှင့် လမ်းခွဲခဲ့သည့်အဆုံးသတ်တွင် ရိပေါ်လေးကသာ စိတ်ဒဏ်ရာတွေဖြင့် ကျန်ရစ်ခဲ့ရသဖြင့် မြေးဖြစ်သူအား အမြဲသနားနေခဲ့ရသည့်သူက ထိုအချက်ကြောင့်ပင် ဝမ်ရိပေါ်လိုချင်သည့် မည်သည့်အရာကိုမဆို ရအောင်ယူပေးခဲ့သည်။ စိတ်ကြီးကာ လိုချင်တာရှိလျှင် မရ,ရအောင်ယူတတ်ပီး ဆုံးဖြတ်ချက်ပြတ်သားသည့် ဝမ်ရိပေါ်၏အကျင့်မှာလည်း သူနှင့်တူလွန်းလှသဖြင့် အချစ်ပိုရသေးသည်။

မိခင်ဖြစ်သူထွက်မသွားခင်ပြောသွားခဲ့သည့်စကားများကြောင့် ရိပေါ်လေးမှာ ငယ်စဉ်ကတည်းက ထူးချွန်သူတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့သော်လည်းတစ်ဖက်တွင် ဝါသနာပါရာ ဆိုင်ကယ်စီးခြင်းနှင့်အက ကိုသာ ပိုမို၍စိတ်ဝင်စားခဲ့သည့်မြေးဖြစ်သူက အထက်တန်းရောက်သည့်အချိန်တွင်တော့ ကျောင်းတွင်တစ်စုံတစ်ယောက်နှင့်ပြိုင်ကာ စာဘက်ကိုစိတ်ဝင်စားလာသဖြင့် သူ့မှာထူးဆန်းနေခဲ့ရသည်။ နောက်တော့မှ ရိပေါ်အမြဲပြိုင်နေခဲ့သည့် ကလေးမှာ သားဖြစ်သူနောက်အိမ်ထောင်မှပါလာသည့် ရှောင်ကျန့်မှန်း သိခဲ့ရလေသည်။ ထိုအချိန်တုန်းက ရိပေါ်လေးက သူနှင့်ရွယ်တူဖြစ်သည့် ထိုကလေးအား သာမန်ပြိုင်ဆိုင်နေသည်ဟုထင်မိခဲ့သော်လည်း တက္ကသိုလ်တက်ကြမည့်အချိန်ကျမှ သိလိုက်ရသည်က သူထင်တာထက်ပိုမိုနက်ရှိုင်းနေသည့် ရိပေါ်လေး၏ထိုကလေးအပေါ်ထားရှိသည့် ခံစားချက်များကိုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မူလတုန်းက Wang Group ဆက်ခံသူတစ်ယောက်ဖြစ်သောကြောင့် စီးပွားရေးနှင့်ဆိုင်သည့် မေဂျာကိုယူခိုင်းခဲ့သော်လည်း အနုပညာမေဂျာယူပီး Dancer တစ်ယောက် အဖြစ်သာရပ်တည်မည်ဟုပြောခဲ့သည့် မြေးဖြစ်သူက ရုတ်တရက်ကြီး နိုင်ငံခြားတွင် စီးပွားရေးဆိုင်ရာဘွဲ့သွားယူမည်ဟုပြောလာခဲ့သဖြင့် စုံစမ်းကြည့်သည့်အခါ ရှောင်ကျန့်သွားမည့်အနောက်ကို လိုက်ရန်ပြင်နေခြင်းမှန်းသိလိုက်ရသည်။ ပြောင်းလဲလာသည့် မြေးဖြစ်သူကြောင့် သူတွေးလိုက်မိသည်က ထိုကလေးသည်သာလျှင် မြေးဖြစ်သူအားပြောင်းလဲစေနိုင်မည့် တစ်ဦးတည်းသောလူသားဟုသာ...ဤသို့ဖြင့် နှစ်ယောက်သားကျောင်းအတူတက်နိုင်ရန် သူ့မှာ သြစတေးလျတွင်အကုန်စီစဉ်ပေးခဲ့လိုက်သည်။ တစ်ဖက်တွင်လည်း သူ၏အကြံမှာ အတူတူနေကြရင်း ပိုမိုအဆင့်တက်နိုင်ရန် ရည်ရွယ်ခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် နှစ်ယောက်သားအခြေအနေက ဘာမှထူးခြားပြောင်းလဲမလာခဲ့...

Meet Point Of Parallel Lines Tempat cerita menjadi hidup. Temukan sekarang