Part 39

9.9K 940 42
                                        

ZawGyi

သူ့ကိုအထင်သေးကာ ရှိသည်ဟုပင်မသတ်မှတ်သည့် ရှောင်ကျန့်ကို ဝမ်ရိပေါ်မှာအမျိုးမျိုး စိတ်အနှောက်အယှက်ပေးတော့သည်။ ထိုကဲ့သို့ ပြုမူမှသာ ရှောင်ကျန့်ထံမှသူ့အား အသိအမှတ်ပြုခြင်းမမည်သည့် အရေးစိုက်ခြင်းကိုခံရလေသည်။ သို့ပေသိ ဝမ်ရိပေါ်မှာ ရှောင်ကျန့်အား အခြားသောသူများက အနိုင်ကျင့်ရန်ပြုမူသည့်အခါမျိုးတွင်တော့ငြိမ်ခံနေလေ့မရှိ။ ပညာသင်ဆုဖြင့်ကျောင်းတက်နေသည့် ရှောင်ကျန့်ကို အခြားသောကျောင်းသားကျောင်းသူများက စောင်းမြောင်းပြောဆိုကြသည့်အခါမျိုးတွင် ဝမ်ရိပေါ်မှာထိုသူများအား မှတ်လောက်သားလောက်ရှိအောင် ပညာပေးလေ့ရှိသည်။ ထိုကြောင့်နောက်ကွယ်မှလွဲ မည်သူတစ်ဦးတစ်ယောက်မမှ ရှောင်ကျန့်အားထိပ်တိုက် ပြဿနာမရှာရဲခဲ့ပေ။ တစ်ဖက်တွင်လည်း ဝမ်ရိပေါ်မှာ မသိစိတ်၏လှုံ့ဆော်မှုကြောင့် ရှောင်ကျန့်အားခေါ်ဖို့ရာကြိုးစားမိသေးသည်။ ထို့ကြောင့် ရှောင်ကျန့်ထိုင်နေကျနေရာဖြစ်သော ကျောင်းအနောက်ဘက်ခုံတန်းရှည်လေးရှိရာနေရာသို့သွားပီး ထိုနေရာတွင် တစ်ယောက်တည်းထိုင်နေသည့် ရှောင်ကျန့်အား သွား၍ခေါ်ခဲ့ဖူးသည်။

"ဒီမှာ တစ်ယောက်တည်း လာထိုင်နေရလား ရှောင်ကျန့်လေးရဲ့။ ဘာလဲမင်းကို ပေါင်းမယ့်သူဘယ်သူမှမရှိဘူးလား။ ကျွတ်...ကျွတ်...ကျွတ် ပေါင်းမယ့်သူမရှိရင်လည်းပြောမှပေါ့။ သနားသောအားဖြင့် ငါကပေါင်းပေးရင်ပေါင်းပေးမှာပေါ့"

သို့ပေသိ ထုံးစံအတိုင်း သူ့အားရှိသည်ဟုပင်မသတ်မှတ်သည့် ရှောင်ကျန့်ကြောင့် ထိန်းမရတော့သည့်ဒေါသများက လျှံကျလာရကာ ရှောင်ကျန့်အားစိန်ခေါ်သည့်စကားများကိုသာ ပြောလိုက်မိသည်။ ဤသို့ဖြင့် ရှောင်ကျန့်နှင့်သူ၏ဆက်ဆံရေးတို့မှာ ပိုမိုတင်းမာသည့်ဘက်သို့သာ ဦးတည်လာတော့လေသည်။

------------------------------------------
ဒီနေ့နေ့လယ်စာမစားချင်သဖြင့် မည်သူမှမရှိသည့် အခန်းထဲသို့ပြန်လာသည့်အချိန်တွင် စားပွဲပေါ်တွင်ခေါင်းမှောက်ကာအိပ်ပျော်နေသည့် ရှောင်ကျန့်ကိုတွေ့လိုက်ရသဖြင့် ဝမ်ရိပေါ်မှာ ရှောင်ကျန့်၏ခုံဘေးတွင် အချိန်မည်မျှကြာအောင် ရပ်ကြည့်နေခဲ့မိမှန်းပင်မသိခဲ့...အတွေးတွေထဲတွင်လည်း

Meet Point Of Parallel Lines Where stories live. Discover now