Part 41

9.8K 961 50
                                        

ZawGyi

ညစာကိုအိမ်ပြန်လာစားသည့် သားတော်မောင်ကြောင့် ဝမ်မင်ရန်တစ်ယောက် အံ့သြနေရသေးသည်။ ဟိုနေ့ကအထိ ပြဿနာအကြီးအကျယ်ရှာထားသည့် သားဖြစ်သူက ယခုတော့ငြိမ်နေသည်မဟုတ်လား... ကြည့်ရတာ ရိပေါ်လေးက သူမတို့သားအမိအပေါ် ထင်သလောက်အဆိုးမမြင်သဖြင့် ယွီရှင်းလန်နှင့်သူမ၏သားဖြစ်သူတို့အတွက် အနည်းငယ်တော့ စိတ်အေးသွားရသည်။

ဝမ်ရိပေါ် ထမင်းသာစားနေသော်လည်း အာရုံများကအရှေ့မှ လှုပ်စိလှုပ်စိဖြင့် ခေါင်းငုံ့ကာစားနေသည့် သူတစ်ယောက်ထံတွင်သာရှိနေသည်။ စိတ်ထဲတွင်လည်း

'ထမင်းချည်းပဲစားနေအောင် ဟင်းတွေနဲ့ရန်ဖြစ်ထားလို့လား။ ပါးကလည်း သူ့မိန်းမကိုချည်းပဲ ဟင်းတွေထည့်ပေးနေတယ်။ နောက်တစ်ယောက်ရှိသေးတာ သတိကောရသေးရဲ့လား။ ဘာတွေမှန်းလည်းမသိဘူး....စိတ်ရှုပ်လိုက်တာ'

နောက်ဆုံးတော့ မနေနိုင်တော့သဖြင့် သူ၏အရှေ့မှ ဟင်းခွက်များအား မသိမသာဖြင့် ရှောင်ကျန့်ဘက်ကိုတိုးပေးနေမိသည်။ သို့သော်လည်း ခေါင်းမော့မလာသည့်ရှောင်ကျန့်က ထမင်းဖြူကိုသာစားမြဲစားနေသဖြင့် အခက်တွေ့နေမိတုန်း အိမ်တော်ထိန်းလွီမှ

"သခင်လေး ဟင်းတွေလည်း ထည့်စားပါခင်ဗျ...အကယ်၍ ဒါတွေမကြိုက်ဘူးဆိုရင် စားချင်တာရှိရင်ပြောပါ ချက်ချင်းလုပ်ပေးပါ့မယ်"

အိမ်တော်ထိန်းလွီမှာ ဝမ်သခင်ကြီးတို့ ထမင်းစားနေသဖြင့် လိုအပ်သည်များကိုလုပ်ဆောင်ပေးရန်အတွက် အနောက်တွင်ရပ်နေသည့်အချိန်တွင် မြင်လိုက်ရသည်က သူတို့၏သခင်လေးမှာ အသစ်ရောက်လာသည့် ရှောင်သခင်လေးကိုသာကြည့်နေပီး ဟင်းခွက်များအား အရှေ့သို့အသာလေးတိုးပေးနေသဖြင့် ကြည့်လိုက်မိသောအခါ ထမင်းဖြူများကိုသာ ငုံ့စားနေသည့်ရှောင်သခင်လေးကြောင့် သူလည်းဝင်ပြောလိုက်မိသည်။ ထိုအခါမှ ဝမ်သခင်ကြီးက

"ဟုတ်သားပဲ...သားကျန့်က ဘာဟင်းမှလည်းထည့်မစားဘူး။ ဟင်းတွေမကြိုက်လို့လား? ဘာစားချင်လဲ?"

"ကြိုက်ပါတယ်...ဘာမှမလုပ်ပေးပါနဲ့...ကျွန်တော်က အစကတည်းက သိပ်မစားလို့"

Meet Point Of Parallel Lines Donde viven las historias. Descúbrelo ahora