ZawGyi
"ဖြန်း"
"မား"
"အန်တီ သူ့ကိုမရိုက်ပါနဲ့ ရိုက်ချင်ရင်ကျွန်တော့်ကိုသာရိုက်ပါ။ ရှောင်ကျန့်မှာအပြစ်မရှိဘူး"
ပူထူသွားသည့်ပါးပြင်တစ်ဖက်ကြောင့်မဟုတ်ဘဲ မားကသူ့ကိုရိုက်လိုက်သည်ဟူသည့် အသိက ပါးပြင်ပေါ်ကနာကျင်မှုထက် နှလုံးသားမှနာကျင်မှုကသာကြီးစိုးနေသည်။ ငယ်ငယ်ကတည်းက သူ့အားလက်ဖျားနှင့်ထိဖို့ပင်မဆိုနှင့် အသံမာမာဖြင့်တောင်မပြောခဲ့ဖူးသည့် သူ၏မားက သူ့အားယခုကဲ့သို့ မျက်နှာအားရိုက်လိုက်လိမ့်မည်ဟု ဘယ်တုန်းကမှထင်မှတ်မထားခဲ့သဖြင့် အံ့သြခြင်းကိုကျော်လွန်ကာ ခေတ္တမျှဆွံ့အသွားမိသည်အထိပင်။ မယုံကြည်နိုင်ခြင်းများစွာဖြင့် မားမျက်နှာအားပြန်ကြည့်လိုက်သောအခါ မားကလည်းသူ့အားမယုံကြည်သည့်မျက်ဝန်းများဖြင့်သာ ပြန်လည်ကာကြည့်နေသဖြင့် သူ့ဘဝတွင်ပထမဦးဆုံးအကြိမ်အဖြစ် ခိုကိုးရာမဲ့သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ စိတ်ထဲတွင်လည်း မည်သည့်အကြောင်းအရာများက ယခုလောက်အထိမားကိုစိတ်ဆိုးစေသည်လဲဆိုသည်ကို မည်သို့မှစဉ်းစား၍မရနိုင်သဖြင့် မကျေနပ်မှုခံပြင်းမှုများဖြင့် ပြန်လည်၍မေးလိုက်မိသည်က
"ဘာဖြစ်လို့လဲ? ဘာလို့ ကျွန်တော့်ကိုပဲရိုက်ရတာလဲ? ဘာလို့လဲ? ကျွန်တော် ဘာလုပ်မိလို့လဲ? ဘာလို့ ဝမ်ရိပေါ်ကိုတော့ ဘာမှမပြောဘဲ ကျွန်တော့်ကိုပဲ..."
"ရှောင်ကျန့်!! ကိုယ်ဘာသာ ဘာလုပ်ထားလဲကိုယ်မသိဘူးလား? ကိုယ့်အပြစ်ကိုယ်မသိဘူးလား? အားလုံးကို အမြဲတမ်း မင်းစိတ်တိုင်းကျပဲလုပ်နေတော့မှာလား?"
"မသိဘူး! ကျွန်တော်သိတာ ကျွန်တော်ဘာမှမလုပ်ထားဘဲနဲ့ အခုဘာလို့မားဆီက ဒီလိုဆက်ဆံတာခံနေရတာလဲဆိုတာကိုပဲသိတယ်"
"အေး မသိရင် ဒီမှာကြည့်"
"ဒါ...ဒါက"
လက်ထဲသို့ထိုးပေးလာသည့်ဖုန်းကို ဘာမှန်းမသိပေမဲ့ ယူပီးကြည့်လိုက်သည့်အခါတွင် တွေ့လိုက်ရသည့်အရာကြောင့် မျက်လုံးများပင်ပြာဝေသွားရလေသည်။ မားပြလာသည်က ဓာတ်ပုံတစ်ချို့ဆိုသော်ငြား သာမန်ပုံတော့မဟုတ်...ဒီပုံ...ဒီပုံတွေက သူနဲ့ဝမ်ရိပေါ် ဂျပန်မှာတုန်းက ဟိုတယ်ထဲမှပုံတွေဖြစ်နေသည်။ ဒီထက်ပိုပီး အတိအကျပြောရမည်ဆိုပါက အဝတ်ဗလာများဖြင့် နှစ်ယောက်သားပူးကပ်နေသည့်ပုံတွေပင်ဖြစ်သည်။ အပေါ်ပိုင်းတစ်ပိုင်းသာပါဝင်သည့်ပုံဖြစ်သော်ငြား ယခုပုံကိုကြည့်လိုက်ခြင်းဖြင့် မည်သူမဆို ဒါဘယ်အခြေအနေကိုဦးတည်ထားလည်း တပ်အပ်သိနိုင်သည်။ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားပေါင်းစုံနှင့် ရှောင်ကျန့်က သူ့အားတင်းကျပ်စွာဖက်ထားပုံရသည့် ဝမ်ရိပေါ်၏ရင်ခွင်ထဲတွင် အိပ်ပျော်နေသည့်ပုံကို တွေ့မြင်လိုက်ရသည့် မားအနေဖြင့်အမှန်ပင် ထိတ်လန့်သွားမည်ကို သူတွေးကြည့်ယုံဖြင့်ပင် ခန္ဓာကိုယ်ရှိသွေးများခြောက်ခန်းသွားသည့်အလားခံစားလိုက်ရပေသည်။
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...