Zawgi versionရှောင်းကျန့်ကျယ်ဝန်းသော နန်းတော်ကြီးတွင် လျှောက်ပတ်ကြည့်ရှုဟန်ဆောင်ရင်း ရိပေါ်နေသည့်ဧည့်သည်ဆောင်ကို ရှာဖွေနေသည်။လှံရှည်ကိုင်ထားသော အစောင့်နှစ်ယောက်က သူသွားရာနေရာသို့ တကောက်ကောက်လိုက်နေသဖြင့်လည်း စိတ်ရှုပ်ရသည်။ သူက လွတ်လပ်တာကိုကြိုက်သည်မဟုတ်လား။
ရှောင်းကျန့်ရုတ်တရပ်ရပ်တန့်လိုက်သည့်အခါ ဘေးမှအစောင့်နှစ်ယောက်သည်လည်းအလိုအလျောက်ရပ်တန့်သွား၏။
"ငါတစ်ယောက်တည်းနေချင်လို့ပါကွာ လိုက်မလာကြပါနဲ့တော့"
"အိမ်ရှေ့စံရဲ့ ကြင်ယာတော်လောင်းမို့လို့ ကာကွယ်ရမယ့်တာဝန်ရှိလို့ပါ သခင်လေး"
"ငါကဘယ်တုန်းက မင်းတို့မင်းသားကိုလက်ထပ်မယ်ပြောလို့လဲ "
"......."
"တော်ပြီ ဘယ်မှမသွားချင်တော့ဘူး အဆောင်ပဲပြန်တော့မယ် "
အကျီလက်ကို ခါရမ်းကာရှောင်းကျန့် နောက်ကြောင်းပြန်လှည့်လိုက်၏။
_______________________________"တစ်ရွက်
ရှောင်ကျန့်က လက်ထပ်ပွဲကိုလက်ခံမယ်""နှစ်ရွက်
ရှောင်ကျန့်ကလက်ထပ်ပွဲကို လက်မခံဘူး""သုံးရွက်
ရှောင်ကျန့်ကလက်ထပ်ပွဲကိုလက်ခံမယ်""လေးရွက်
လက်မခံဘူး""ငါးရွက်
ခြောက်ရွက်...........""လက်ခံမယ်"
"အား! အရေးမပါတာတွေ"
ဧည့်သည်ဆောင်၏ ဘေးဘက်တွင်ရှိသော သစ်ပင်ကြီးမှ ရွက်ကြွေများကို ရေတွက်နေသော မိမိဧ။်ကလေးဆန်သောလုပ်ရပ်ကိုတွေးတောမိသောအခါ ရိပေါ်အနည်းငယ်ရှက်ရွံ့သွားသည်။ရှောင်ကျန့်လက်ခံခြင်းလက်မခံခြင်းက သူနှင့်လားလားမှမသက်ဆိုင်ပါ။ရက်ပိုင်းအတွင်းဖြစ်ရက်မှန်တစ်ချို့ကို သူနားလည်လာသဖြင့် မိမိကိုယ်မိမိသိမ်ငယ်စိတ်အချို့ကိုလည်း ခံစားနေရပါသေးသည်။
သူနှင့်ကောင်းကင်အိမ်ရှေ့စံတို့နှစ်ယောက်ကြားတွင် ဆက်နွယ်မှုတစ်ခုခုလည်းရှိနေမည်မှာသေချာသည်။ ဆွေမျိုးတော်စပ်သော ဆက်နွယ်မှုမျိုးမဟုတ်ဘဲ
အခြားဖြစ်တည်မှုတစ်ခုခုပင်။ကျောက်စိမ်းဧကရာဇ်ကိုအကျိုးအကြောင်းရှင်းပြကာ မှော်ကျောက်တုံးကိုယူပြီး တစ်ယောက်ထဲထွက်သွားဖို့ စဉ်းစားမိသေးသည်။ သို့သော်.............
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...