Chapter (8)

309 32 15
                                    

Zawgi version

သဲမှုန်တို့က အလုံးအရင်းနှင့် သူတို့ရှိရာသို့ဦးတည်လာနေပြီဖြစ်သည်။

ခန္ဓာကိုယ်ပေါ်သို့လာရောက်ထိခတ်သော သဲမှုန်တစ်ခုချင်းက စပ်ဖျဉ်းဖျဉ်းနှင့်

"ရှောင်းကျန့် ကျတော့်လက်ကိုမလွတ်စေနဲ့"

သဲမုန်တိုင်းတွင်းတွင် လူစုကွဲသွားပါက ပြန်တွေ့ရန် ရာခိုင်နှုန်းနည်း၏။

"ငါတို့ ခိုစရာနေရာ ရှာရအောင် "

"မရဘူး အချိန်မမှီတော့ဘူး"

"ဘာ...မကြားရဘူး "

လေသံ တဟူးဟူးကြားတွင် တစ်ယောက်အသံတစ်ယောက်ကြားဖို့ မလွယ်ကူပေ။

ပါးစပ်ဟလိုက်တိုင်းလည်း သဲမှုန်များက ပါးစပ်ထဲသို့ အလုံးအရင်းဝင်လာသည်။

ရုတ်တရက် ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကျတော်က ခင်ဗျားထက်ကျင့်ကြံဆင့်ပိုမြင့်တယ်  ကျတော့်အောက်ငြိမ်ငြိမ်နေ"

ရိပေါ်က ရှောင်းကျန့်ကို သဲများရိုက်ခတ်မှုမှ တတ်နိုင်သလောက် ခန္ဓာကိုယ်နှင့်ဖုံးအုပ်ကာပေးသည်။

"ဒီက အကိုကြီးက ကျေးဇူးတင်ပါတယ်ကွာ"

ထိုစဉ် ရိပေါ်ခါးပေါ်သိုင်းထားတဲ့ ရှောင်းကျန့်လက်တစ်ဖက်ကို တစ်စုံတစ်ယောက်ကလာဆွဲသည်။

အရှိန်ပြင်းပြင်းနှင့် ဆောင့်ဆွဲလိုက်သဖြင့် ရိပေါ်ရင်ထဲမှ ရှောင်းကျန့် အနည်းငယ်လွတ်ထွက်သွား၏။

"ရိပေါ် ငါ့ကိုဘာကြီးကလာဆွဲနေလဲမသိဘူးအာ့"

ယခုဆိုလျှင်ရှောင်းကျန့်က ရိပေါ်ရင်ခွင်အောက်မှ လွတ်ထွက်သွားပြီဖြစ်သည်။

ရိပေါ်ကလည်း လွတ်ထွက်မသွားအောင် ရှောင်းကျန့်ကို လက်မောင်းရင်းမှ ပြန်ဆွဲထားသည်။

ဟိုဘက်ကလည်း ရှောင်းကျန့်လက်တစ်ဖက်ကိုအတင်းအကြပ်ဆွဲ၍ ထားသည်။

ရှောင်းကျန့်ကတော့  သူ့ကိုယ်ကို မင်းသားနှစ်ယောက်ဝိုင်းလုနေကြသည့် မင်းသမီးလေးဟု ခံစားနေမိသည်။

LOVE FROM HEAVENWhere stories live. Discover now