Zawgi version
/အချစ်သည် စဉ်းစားချင့်ချိန်နိုင်စွမ်းကို ဖျက်ဆီးပစ်နိုင်သော အစွမ်းရှိသည်/
(Author၏ ကြားဖြတ်အကြံပေးချက်- အချစ်က ပူလောင်တာမို့ ရည်းစားမထားကြပါနဲ့ဗျာ
Wattpadထဲမှာပဲ ficတွေဖတ်နေတာက အန္တာရယ်ကင်းပါတယ်)မြေခွေးမက သူမယာက်ျားအရိုးစုကို ကျောက်ဖျာပေါ်သို့ ပြန်လည်ချထားလိုက်ပြီး သူတို့ဘက်သို့ ပြန်လှည့်လာသည်။
သူမ၏လက်သည်းချွန်များက ရိပေါ်နှလုံးသားနေရာသို့ရည်ရွယ်ပြီး ရှေ့သို့တစ်လှမ်းချင်းတိုးလာ၏။
ရိပေါ် သူမ ဘာလိုချင်သည်ကို သိသည်မို့ တိုက်ခိုက်ရန်အသင့်ပြင်ထား၏။
"မှော်ကျောက်တုံးရယ် လုလင်ပျို နှလုံးသားရယ် ပေါင်းစပ်ပြီးရင် ငါ့ယောက်ျားက ပြန်အသက်ရှင်လာလိမ့်မယ် "
"မင်းကို ဘယ်သောက်ပိန်းက ပြောတာလဲ "
ရှောင်ကျန့်၏ စကားကြောင့် မြေခွေးမက ရိပေါ်ဘက်မှ ရှောင်းကျန့်ဘက်သို့ လှည့်လာပြန်သည်။
"နင် "
"ဘာလဲ ငါ့ကို ရှောင်ကျန့်လို့ ခေါ်နိုင်တယ်
ငါပြောမယ် မင်းယောက်ျားက သေပြီးလို့ အရိုးတောင်ဖြစ်နေပြီလေ အခုဆို ဘဝသံသရာစက်ဝန်းထဲ ရောက်နေလောက်ပြီ
လွှတ်ပေးလိုက်ပါတော့ ""ဟင့်အင်း သူမသေသေးဘူး
သူကငါ့ကို အရမ်းချစ်တာ
ငါ့ကို ဘယ်တော့မှထားမသွားဘူးတဲ့
သူကလေ..."မြေခွေးမ၏ မျက်နှာက ယူကြုံးမရသည့်ပုံပေါ်နေပြီး စကားကို ဆုံးအောင်မပြောနိုင်ဘဲ အတန်ကြာငိုရှိုက်နေပြန်သည်။
နောက် မျက်ရည်တို့ကို ပွတ်သုတ်လိုက်ပြီး ဆက်ပြောပြန်သည်။
"သူက ငါမိစ္ဆာမှန်းသိသွားခဲ့ပေမယ့် ငါ့ကိုစွန့်ပစ်မသွားခဲ့တဲ့ လူသားပါ
ငါ့ကိုစိတ်ရင်းနဲ့ ကြင်နာပေးပြီး ချစ်ပေးတဲ့ တစ်ဦးတည်းသော လူသားပါ
သူက ငါ့ကို လူသားတွေကို အန္တာရယ်မပေးဖို့ဆုံးမတယ်
ငါတို့ လူတွေနဲ့ဝေးရာမှာ သွားနေကြတော့မှာပါ
ဒါပေမယ့် ဒါပေမယ့် သိလား "
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...