Chapter (36)

398 30 6
                                    

Zawgi version

/နတ်ဆိုးဘုရင်က  ကောင်းကင်ဘုံကိုရန်စခြင်း/

နှစ်ယောက်သား အချိန်အတော်ကြာပွေ့ဖက်ပြီးနောက်တွင် ပြိုင်တူရယ်မောမိကြသည်။

"စစ်သူကြီး စစ်သူကြီး "

စစ်သည်တော်လေးတစ်ယောက်က သူတို့နှစ်ယောက်ထံသို့ အလောတကြီးပြေးလာသည်။ ရှောင်းကျန့်က မျက်နှာထားကို ပြန်တည်လိုက်ပြီး မောဟိုက်နေသောစစ်သည်တော်လေးကို မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့ ဒီလောက်လောကြီးနေတာလဲ ဘေးမှာအိမ်ရှေ့စံရှိနေတာမမြင်ဘူးလား "

ထိုအခါမှ ပျာပျာသလဲနှင့်

"တောင်းပန်ပါတယ် အရှင်၊အိမ်ရှေ့စံကို မလေးစားတာမဟုတ်ပါဘူး။ အရေးတကြီးတင်ပြဖို့ရှိလို့ပါ "

"အင်း အဲ့တာဆိုပြောတော့ "

"ကောင်းကင်ဂိတ်ဝကို နတ်ဆိုးတွေကျူးကျော်လာပြန်ပါပြီ။ နောက်ပြီး နတ်ဆိုးဘုရင်က စစ်သူကြီးကိုယ်တိုင်ထွက်မလာရင် စစ်ပွဲဖြစ်ရလိမ့်မယ်တဲ့"

"နတ်ဆိုးဘုရင်ကိုယ်တိုင် ရောက်လာတာပေါ့။ အရင်ငါမရှိတဲ့ နှစ်တွေတုန်းကရော သူလာသေးလား"

"အခု အရှင်ကောင်းကင်ဘုံကိုပြန်ရောက်နေပြီ သတင်းကြားမှ သူထွက်လာတာပါ။ အရင်နှစ်တွေတုန်းက သူ့သတင်းလုံးဝမကြားမိပါဘူး "

"ခဏနေငါလိုက်လာခဲ့မယ် စိတ်မပူကြနဲ့။ အခုတော့ မင်းသွားလို့ရပြီ "

"ဟုတ်ကဲ့ နှုတ်ဆက်ပါတယ်စစ်သူကြီး
နှုတ်ဆက်ပါတယ် အိမ်ရှေ့စံ "

ဝမ်ရိပေါ်က စစ်သည်တော်လေးကို အသိအမှတ်ပြု ခေါင်းဆတ်ပြလိုက်သည်။ ထိုစစ်သည်လေး ဝေးဝေးရောက်သွားတော့မှ ရှောင်းကျန့်ကိုအသည်းအသန်တားဆီးတော့၏။

"မရဘူးနော် ရှောင်းကျန့် မင်းအခုမှငါ့ဆီပြန်ရောက်လာတာမို့ မင်းကိုသွားခွင့်မပြုနိုင်ဘူး။ အရင်တုန်းကလည်း မင်းအဲ့လိုထွက်သွားပြီး ပြန်မလာနိုင်တော့တာ။ မင်းနှလုံးသားတောင် အပိုင်းလေးပိုင်းကွဲပြီး ကျောက်တုံးလေးတုံးဖြစ်သွားခဲ့တယ်မလား "

LOVE FROM HEAVENWhere stories live. Discover now