Zawgi version
/မှော်ကျောက်တုံးများ၏ ဒဏ္ဍာရီနှင့် ရှာပုံတော် ခရီးစဉ်အစ/
"လူသားတွေ မိစ္ဆာတွေနဲ့ နတ်ဒေဝါတွေ ရောနှောနေထိုင်ခဲ့တဲ့ ခေတ်အခါက
ကောင်းကင်ဘုံ ကျောက်စိမ်းဧကရာဇ်ရဲ့ နန်းတော်ကို နတ်ဆိုးတစ်ကောင်က အမြဲတမ်းလာသောင်းကျန်းတယ်တဲ့
ကျောက်စိမ်းဧကရာဇ်မှာလည်း အလွန်အားထားရတဲ့ နတ်စစ်သူကြီးတစ်ပါးရှိတယ်
စွမ်းအားဘယ်လောက်ကြီးလဲဆိုတာကို ဘယ်သူမှမခန့်မှန်းနိုင်ကြပေ။နန်းတော်ထဲလာကျူးကျော်တဲ့ နတ်ဆိုးနဲ့ နတ်စစ်သူကြီးဟာ မကြာခဏတိုက်ခိုက်လေ့ရှိကြပေမယ့် အနိုင်အရှုံးဘယ်တော့မှ မကွဲပြားခဲ့ဘူး။
တစ်နေ့ နတ်ဆိုးရဲ့ ဓားချက်ကြောင့် ကျောက်စိမ်းနန်းတော်မှာရှိတဲ့ နန်းဆောင်တစ်ခု ပြိုကျသွားခဲ့တယ်။
ယခင်က နတ်ဆိုးကိုသတ်ဖြတ်လိုခြင်းမရှိတဲ့ ဧကရာဇ်ဟာ ယခုတော့အင်မတန်ဒေါသထွက်သွားခဲ့တယ်။
ထို့နောက် သူ့နတ်စစ်သူကြီးကို အမိန့်ပေးပြီး ထိုနတ်ဆိုးကို အပြတ်ချေမှုန်းခိုင်းခဲ့တယ်။
နတ်ဆိုးဟာ စွမ်းအားကြီးလွန်းတာမို့ စစ်သူကြီးရဲ့ ဓားနဲ့မသတ်နိုင်ခဲ့ဘူး။
ဒါ့ကြောင့် စစ်သူကြီးက သူ့ရဲ့နှလုံးသားကိုလေးပိုင်းပိုင်းပြီး တစ်ပိုင်းချင်းစီကို စွမ်းအားကြီး မှော်ကျောက်တုံးတွေအဖြစ် ပြောင်းလဲခဲ့တယ်။
အဲ့ဒီမှော်ကျောက်တုံးတွေရဲ့ စွမ်းအားနဲ့ စစ်သူကြီးဟာ နတ်ဆိုးကို အနိုင်ယူလိုက်နိုင်တယ်။
ဒါပေမယ့် သူမှော်ကျောက်တုံးလေးတုံးရဲ့စွမ်းအားကို တစ်ယောက်တည်း မထိန်းချုပ်နိုင်ခဲ့ဘူး။
ဒါမို့ အဲ့ဒီကျောက်တုံးတွေကို မတူညီတဲ့ နေရာလေးမျိုးမှာ သိမ်းဆည်းထားခဲ့တယ်။
အဲ့ဒီနေရာလေးမျိုးမှာ လူ့ပြည်လည်းအပါအဝင်ပေါ့။
ထိုသတင်းက သုံးလောကတစ်ခွင်ပျံ့နှံ့သွားပြီး လူတွေဟာ ထိုကျောက်တုံးတွေရဲ့ စွမ်းအားကို လိုချင်ကြပြီး တိုက်ခိုက်ကြတယ်။
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...