Chapter (12)

305 28 8
                                    

Zawgi version

/သူ‌ပြောတဲ့ ကတိတစ်ခုကြောင့် ကျိန်စာကိုပင် ကျေကျေနပ်နပ် လက်ခံမိသည်/

ကံဆိုးခြင်းက လာလျှင် အစုလိုက်အပြုံလိုက်ပင် ရောက်လာတတ်သည်။

စစ်ပွဲပြီးသွားသည်မှမကြာသေး သူတို့တိုင်းပြည်တွင် ပလိပ်‌ရောဂါဟူသော ကပ်ဆိုးကြီးက ရောက်ရှိလို့လာသည်။

တစ်နေ့တစ်နေ့ သေဆုံးသောလူများမှာ မြေမြှုပ်၍ပင်မလောက်။
ဖျာလိပ်များဖြင့်ပတ်၍ ဖြစ်သလိုသာ စွန့်ပစ်ရတော့သည်။

မူလက ပြည့်ဖောင်းဖြူနုနေသော ရှောင်း၏ မျက်နှာမှာလည်း နန်းတက်ပြီးမကြာမီတွင် ကြုံတွေ့ရသော အလှဲ့အပြောင်းများစွာကြောင့်
ပါးရိုးများပင်ချောင်ကျနေ၏။

စစ်ပွဲတုန်းက ရခဲ့သော ဓားဒဏ်ရာကလည်း ချောမောသော မျက်နှာထက်တွင် အမာရွတ်ရေးရေးတင်ကျန်ခဲ့သည်။

သို့သော် ယောက်ျားပီသ၍ ပိုမိုချောမောလာသည်မှာ ဝမ်ရင်အပိုပြောခြင်းမဟုတ်။

ဝမ်ရင်မှာလည်း စစ်ပွဲကရသည့် ဓားဒဏ်ရာက အရှင်းမပျောက်။
တစ်နေ့တစ်ခြား အားအင်သာယုတ်လျော့လို့လာ၏။

ဒါပေမယ့် သူပျော်သည်။ သူနေမကောင်းသည့် အတောအတွင်းမှာ ရှောင်းက သူ့ကိုသိသိသာသာဂရုစိုက်လာသည်။

မဖြစ်နိုင်ဘူးဟု အသိစိတ်ကငြင်းဆန်နေသော်လည်း မသိစိတ်ကတော့ ရှောင်းရဲ့အချစ်ကို အနည်းငယ်မျှ မျှော်မှန်းမိသည်။

"ဝမ်ရင် မင်းမနက်က ဆေးမသောက်ဘူးဆို "

သူ့အိပ်ခန်းဝကနေ ခါးထောက်ပြီး မျက်မှောင်ကြုံ့လျက် သူ့ကုတင်ဆီသို့‌ရှောင်းကတစ်လှမ်းချင်းလှမ်းလာသည်။

မင်းလှမ်းတာ ငါ့နှလုံးသားထဲသာ ဖြစ်လိုက်ပါတော့ကွာ

ဝမ်ရင့်ကျန်းမာရေးအခြေအနေကြောင့် ရှောင်းကသူ့ကို နန်းတော်ထဲခေါ်၍ နန်းတွင်းသမားတော်နှင့် ကုသပေးသည်။

ဝမ်ရင်က လူပမာလိုဆက်ဆံခံရသည်ကို မနှစ်မြို့သည်မှလွဲ၍ မင်းသားရှောင်းနှင့် နီးနီးကပ်ကပ်နေရမည်ကို အဘယ်မှာ ငြင်းဆန်မည်နည်း။

LOVE FROM HEAVENWhere stories live. Discover now