Zawgi version
/ဘယ်တော့မှ မထားခဲ့ဘူး/
ဖေးယွီတကယ်ကြောက်နေခဲ့တာ။
ယွင်ရှီးက စိတ်ဆိုးပြီးသူ့ကိုပစ်သွားမှာကို။ ခါတိုင်းတွေ့နေကျချိန် ယွင်ရှီးကမလာတော့ သူအရမ်းလန့်သွားသည်။ သူတို့ရဲ့ ဝါးအိမ်လေးကို ယွင်ရှီးပစ်ချသွားမည်စိုးသည်။ ထို့ကြောင့် စိတ်အားတင်းပြီး ခွန်းလွန်တောင်ပေါ်ကို လိုက်သွားခဲ့ခြင်းပင်။ ရလဒ်ကတော့ ပိုက်ကွန်တွင်အဖမ်းခံလိုက်ရသည်။ဖရိုဖရဲအကျီနှင့်လူအုပ်ကြားတွင်ရပ်နေသော ယွင်ရှီးကိုခေါ်မည်ပြင်သော်လည်း သူ့လိုလူကြောင့်သိက္ခာကျမည်စိုးသည်။ ထို့ကြောင့် သူတိတ်တိတ်လေးပဲ မသိချင်ယောင်ဆောင်လိုက်ပါသည်။ သို့သော် သူ့ကိုမိစ္ဆာဟုစွပ်စွဲကြသော လူများကိုယွင်ရှီးက သူ့ဘက်မှနေ၍ ကာကွယ်ပြောဆိုပေးခဲ့သည်။"ယွင်ရှီးကငါ့ကိုတကယ်ချစ်တာပဲ "
ယွင်ရှီးယူပေးသော ဂွမ်းကပ်စောင်လေးကို ရင်ဘတ်ပေါ်ဆွဲတင်ပြီး ပြုံးလိုက်၏။ ဘေးဘက်မှ ယွင်ရှီးကိုယ်သင်းနံ့သင်းသင်းလေးကိုတောင် ခံစားမိသယောင်။
"အရူးလေး ဘာတွေတွေးပြီး တစ်ယောက်ထဲပြုံးနေတာလဲ "
ခါးဆီကို တင်းကြပ်စွာရစ်သိုင်းလာသည့်လက်တစ်စုံ။
"ယွင်ကော "
ဂုတ်စပ်နားဆီတွင်ရှုထုတ်လေငွေ့နွေးနွေးလေးကိုခံစားမိသည်။
"အင်း မင်းရဲ့ယွင်ကော "
"ငါ့ကိုပစ်သွားပြီထင်နေတာ "
"ဟား..ဟား.."
ခပ်ဖွဖွရယ်သံလေး။
"ငါလော့ယွင်ရှီးက မင်းကိုဘယ်တော့မှပစ်မထားခဲ့ဘူး "
လော့ယွင်ရှီး၏ အသံဖျော့ဖျော့လေးအပေါ်တွင် ယွင်ရှီးစိတ်ဝိဉာဏ်အားလုံးပုံအောပြီး ယုံကြည်မိပါသည်။
__________________________________
/မင်းနဲ့သာဆိုရင်......./အရုဏ်ဦးအလင်းနှင့်အပြိုင် တောက်ပစိမ်းစိုနေသောခွန်းလွန်တောင်ကြီးကို ယွင်ရှီးနောက်ဆုံးတစ်ချက်ပြန်ကြည့်လိုက်သည်။
"တပည့်ကိုဘယ်တော့မှ မခွင့်လွှတ်ပါနဲ့ဆရာ"
မွေးကတည်းကနေထိုင်ခဲ့သောနေရာကို ခွဲရမည်ဖြစ်၍ ယွင်ရှီးမျက်ဝန်းမှ မျက်ရည်ပေါက်တစ်ချို့လှိမ့်ဆင်းသွားသည်။ သူ့နောက်တွင်တော့ ကြည်လင်ပျော်ရွှင်နေသော ဖေးယွီက ခေါင်းအုံးနှင့်ဂွမ်းစောင်လေးများကိုထုပ်ပိုးနေသည်။
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...