Zawgi version
/မေ့ပျောက်သွားခဲ့သော အတိတ်နေ့ရက်များဆီသို့ /
နှင်းများ ဖွေးဖွေးလှုပ်အောင် ကျဆင်းနေသော ကွင်းပြင်အလယ်တွင် အသက်၁၀နှစ်အရွယ် ကလေးနှစ်ယောက် သစ်သားဓားများနှင့် ဆော့ကစားနေကြသည်။
နုနယ်သော မျက်နှာလေးများကလည်း နှင်းပွင့်လေးများနှယ် ကြည်စင်လျက်။
"ဝမ်ရင် ငါနိုင်ပြီနော် "
အရပ်အနည်းငယ်ပိုရှည်သော ကလေးက ကျန်ကလေးတစ်ယောက်၏ လည်ပင်းကို သစ်သားဓားဖြင့် ချိန်ရွယ်ထားပြီး ဝံ့ကြွားစွာဖြင့် ဆိုလာ၏။
ထိုအခါ ကျန်ကလေးက အနဲငယ်ပြုံး၍
"မင်းသားရှောင်းကတကယ်ပဲ တော်လွန်းလှပါတယ်""ဒါပေါ့ ငါပဲလေ ဒီလောက်တော့ရှိမှာပေါ့"
အားရဝမ်းသာစွာဖြင့် ကြုံးဝါးနေသော မင်းသားလေးကို ဝမ်ရင် ကြည်နူးစွာကြည့်လိုက်မိသည်။မင်းသားလေးကတော့ ချစ်စရာကောင်းသောယုန်သွားလေးများပေါ်အောင် ရယ်လျက်
ဝမ်ရင်မှာ ဤနန်းတော်ကြီးတွင် တော်ဝင်မင်းသားများနှင့် တန်းတူအခွင့်အရေးပေးခံရသူဖြစ်သည်။
ဝမ်ရင်၏ ဘိုးဘွားစဉ်ဆက်မှာလည်း ဤတိုင်းပြည်၏ မှူးမတ်မျိုးနွယ်များဖြစ်ကြပြီး တော်ဝင်မျိုးနွယ်ကို အလွန်သစ္စာရှိကြသည်။
ထို့ကြောင့် ဝမ်ရင်က တော်ဝင်အိမ်ရှေ့စံမင်းသား
(မင်းသားရှောင်း)နှင့် အတူတကွ ဆရာတစ်ယောက်ထဲထံတွင် ပညာသင်ခွင့်ရ၏။ထို့ပြင် မည်သူနှင့်မှ ရောရောနှောနှောမနေတတ်ဘဲ မာနကြီးလှသည့် တစ်နန်းတော်လုံး၏ အချစ်တော်လေး မင်းသားရှောင်းရဲ့ တစ်ဉီးတည်းသော အခင်ဆုံးသူငယ်ချင်းလည်း ဖြစ်သည်။
တစ်ဦးနှင့် တစ်ဦးလွန်စွာ ချစ်ခင်ကြပြီး တပူးပူးတတွဲတွဲနှင့် မျက်စိအောက်မှ အပျောက်မခံကြပေ။
နန်းတော်ကြီးထဲတွင် ပြေးရင်းလွှားရင်းဆော့ကစားရင်းနှင့်ပင် သူတို့တဖြည်းဖြည်းအရွယ်ရောက်၍ လာကြသည်။
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...