Chapter (11)

275 28 4
                                    

Zawgi version

/ကြေကွဲဖွယ်ရာ အတိတ်တို့မှ လူတစ်ယောက်ကို အမြဲတမ်းစောင့်နေခဲ့သောသူ/

အရောင်ဝါကြန့်ကြန့်သစ်ရွက်လေးတစ်ရွက်က လေအရှိန်ကြောင့် မိခင်သစ်ပင်ပေါ်မှ ဖြည်းဖြည်းချင်း ကြွေကျလာသည်။

မြေပြင်ပေါ်သို့ လဲလျောင်းကြွေကျသွားသော သစ်ရွက်လေးကို ဝမ်ရင်မျက်တောင်မခတ်စိုက်ကြည့်နေမိသည်။

မနေ့ကပင် သစ်ပင်ပေါ်မှာ တည်ရှိခဲ့သော သစ်ရွက်လေးကအခုတော့ သစ်ပင်ကြီးနှင့် ခွဲခွာခဲ့ရလေပြီ။

ထို့နောက်ဝမ်ရင် သူ့ဘေးမှာ မေးကြောတွေထောင်အောင် အံကြိတ်ထားသော မင်းသားရှောင်း၏ ပခုံးကို ခပ်ဖွဖွပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

အရင်နေ့တုန်းကမှ မင်းသားရှောင်း၏ မွေးနေ့ပွဲကို ကျန်းကျန်းမာမာဆင်နွှဲခဲ့သော ဘုရင်ကြီးက
အခုတော့ ထာဝရအိပ်စက်အနားယူသွားခဲ့ပြီ။

သေချာပေါက် သွေးရိုးသားရိုး သေဆုံးသွားတာတော့မဟုတ်ဘူပေါ့။

လုပ်ကြံမှု
လောဘက လူတွေကို စာနာစိတ်ကင်းမဲ့စေတယ်
နှစ်ရှည်လများ တော်ဝင်စားတော်ပွဲကို တာဝန်ယူရတဲ့ စားတော်ကဲက တစ်ဖက်နိုင်ငံက မည်သို့သွေးဆောင်လိုက်သလဲမသိ

မင်းကြီး‌သောက်သည့် သေရည်ခွက်ကို အဆိပ်ခတ်လုပ်ကြံသည်။

အမှန်တကယ်သူသတ်ရန် ကြံစည်တဲ့သူကတော့ မင်းသားရှောင်း
သို့သော် ကံဆိုးလှသော ဘုရင်ကြီးက ထိုသေရည်ခွက်ကို သောက်မိခဲ့သည်။

မင်းသားရှောင်းကတော့ ထိုစားဖိုမှူးကို သူကိုယ်တိုင် ရက်ရက်စက်စက်သတ်ခဲ့သည်။

ဖြည်းဖြည်းချင်းစီ အသားတွေကို လွှာပြီးတော့‌
လောကငရဲကို ခံစားစေသည်။
စားတော်ကဲ၏ ပါးစပ်မှနေ၍ သေပါရစေဟု တောင်းဆိုရသည်အထိ အဆုံးစွန်သော နာကျဉ်မှုကို ခံစားရစေ၏။

မင်းကြီး၏ အလောင်းကို ဂူသွင်းပြီးတဲ့နောက်
မိဖုရားကြီးကလည်း အပြင်းအထန်နာမကျန်းဖြစ်သည်။

LOVE FROM HEAVENWhere stories live. Discover now