Chapter (38)

570 23 1
                                    

Zawgi version

ထိုအချိန်က ဖူးစာရှာသစ်ပင်မှာ ပင်ပျိုဘဝတွင်ပင်ရှိသေးသည်။ အစိမ်းနုရောင် သစ်ရွက်အညွန့်‌အညောက်လေးများနှင့် ပန်းနုရောင်ဖျော့ဖျော့ ပန်းပွင့်ငယ်တို့က ပင်ပျို၏ငယ်ဂုဏ်ပင်။

ပန်းနုရောင်ပွင့်ဖတ်တို့ပျံ့ကျဲနေသော မြေပြင်တွင် ကလေးငယ်တစ်ယောက်က ပင်စည်ကိုမှီလျက်ထိုင်နေသည်။လေတစ်ချက်‌ဝှေ့လိုက်တိုင်း ပန်းပွင့်ဖတ်များက တဖွဲဖွဲကြွေကျနေကာ ထိုကလေးငယ်ကိုဖုံးအုပ်လုမတတ်ပေ။

"ဟေး..."

အဝေးမှ စူးစူးရှရှနှင့် ကလေးတစ်ယောက်အော်သံကြားတော့ သူပန်းပွင့်ဖတ်များကိုခပ်မြန်မြန်ခါထုတ်ပြီး မတ်တပ်ရပ်လိုက်သည်။ထိုအခါ သူ၏နောက်ကျောဖက်မှ အဖြူ ရောင်အတောင်ပံတစ်စုံက ငွားငွားစွင့်စွင့်ပေါ်လာသည်။ပန်းပွင့်ဖတ်များကပ်ညိနေ၍ အဖြူ ရောင်မှာ ပန်းသွေးရောင်ခြယ်နေသည်။အတောင်ပံကို‌ဖြေးညင်းစွာခတ်ရင်း ပျံသန်းရန်ပြင်လိုက်တော့ ပါးဖောင်းဖောင်းနှင့် ကလေးငယ်တစ်ယောက်က လက်ကိုလျင်မြန်စွာလာဆွဲထားသည်။

"ရှောင်းကျန့် "

"ငါကမင်းထက်အသက်ပိုကြီးတယ် "

" ဘာလို့ ငါလာတာမြင်တာနဲ့ အမြဲပျံပြေးနေရတာလဲ "

"မင်းက ကောင်း‌ကင်ဘုံတစ်ခုလုံးရဲ့ ဖူးဖူးမှုတ်ခံအိမ်ရှေ့စံလေးလေ ငါလိုမိဘမဲ့ငှက်တစ်ကောင်က မင်းနားမနေရဲပါဘူး "

"ဘယ်ငှက်ကမင်းလောက်လှလို့လဲ စိတ်မဆိုးတော့ပါနဲ့ရှောင်းကျန့်ရာ "

ကလေးအရွယ်နှင့်မလိုက်အောင်ပြောဆိုနေသော ကောင်းကင်အိမ်ရှေ့စံလေး၏ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ရှောင်းကျန့်မနာအောင်ခပ်ဖွဖွဆွဲလိမ်လိုက်သည်။

"ကြိုက်သလောက်ဆွဲပြီးရင် စိတ်ဆိုးပြေတော့ရှောင်းကျန့် "

ရှောင်းကျန့်ချစ်စရာကလေးလေးကို ကြာကြာစိတ်မဆိုးနိုင်တော့ပါ။‌ဝဝကစ်ကစ်ကိုယ်လေးကို ပွေ့ဖက်ရင်းတိမ်တိုက်များပေါ်သို့ပျံသန်းလိုက်သည်။ရှောင်းကျန့် ငြွေဖူ ရောင်အတောင်ပံတွေကိုမနှစ်သက်‌ပေမယ့် အခုလိုကလေးလေးကိုပွေ့ချီရင်း လေဟုန်စီးရသည့် အချိန်တွင်တော့ပျော်ပါသည်။

LOVE FROM HEAVENWhere stories live. Discover now