Chapter (13)

289 33 1
                                    

Zawgi version

ဝမ်ရင်ဆိုသူ၏ အတိတ်မှဏ်ဉာဏ်များကို သိပြီးသည့်နောက် သူတို့သုံးယောက်သား အခန်းထဲတွင် စကားတစ်လုံးမျှမပြောမိကြဘဲ အချိန်အတော်ကြာ ရပ်နေမိကြသည်။

"အခုဘာဆက်လုပ်ကြမလဲ "
တိတ်ဆိတ်မှုကို ဝမ်ရိပေါ်ကပင်စတင်ဖြိုခွဲလိုက်သည်။
ဟုတ်တယ်လေ သူမြင်ခဲ့ရတဲ့ မှတ်ဉာဏ်ထဲမှာ က ဝမ်ရင်နဲ့ မင်းသားရှောင်းကြားက ဆက်ဆံရေးတွေ
မင်းသားရှောင်းအပေါ် ဝမ်ရင်ရဲ့ချစ်မေတ္တာတွေ

ဘယ်မှာလဲ သူတို့လိုချင်တဲ့ ကျောက်တုံးရဲ့ တည်နေရာ
သူစိတ်မရှည်နိုင်တော့
မင်းသားရှောင်းဆိုသူကလည်း သူအမြင်ကတ်တဲ့ ရှောင်းကျန့်ဆိုတဲ့လူရဲ့ မျက်ခွက်ကြီး

အခုဒီအခန်းထဲမှာ သူက အပိုလူလိုခံစားနေရသည်။
ဘေးကနှစ်ယောက်ကလည်း တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ပြီး  ဘာတွေတွေးနေကြလဲမသိ
အရင်ဘဝက ဇာတ်လမ်းကို အခုပြန်ဆက်ဖို့ကြိုးစားနေကြတာလား
ဒါပေမယ့် မင်းသားရှောင်းကမှ ဝမ်ရင့်ကိုမချစ်တာ

ဤအချက်ကို တွေးမိတော့ ဝမ်ရိပေါ်စိတ်ထဲ အနဲငယ် ပျော်ရွှင်ပြီး သက်သာရာရသွားသယောင်

"ဝမ်ရင် ငါမေးတာဖြေ "

"ဟုတ်ကဲ့ပါ "

ယခုလက်ရှိရှောင်းကျန့်၏ မျက်နှာအမူအယာနှင့် စကားသံက သူမြင်ခဲ့သည့် မှတ်ဉာဏ်ထဲမှ မင်းသားရှောင်းနှင့် တစ်ထပ်ထဲပင်။

"မင်းကအခု လူမဟုတ်သရဲမဟုတ်ပေါ့ "

ဝမ်ရင် မည်သို့ဖြေရမည်မသိဘဲ ဆွံ့အသွားသည်။
သူ့ကိုယ်သူလည်း ဘာမှန်းမသိ။

ဝမ်ရိပေါ်က အနည်းငယ် တွေးတောနေပြီးမှ ရှောင်းကျန့်စကားကို ဝင်ထောက်သည်။

"ဟုတ်တယ် သူကလူလည်းမဟုတ်တော့သလို သရဲလည်းမဖြစ်သေးဘူး
သူကအခု မင်းသားရှောင်းကိုင်ဆောင်တဲ့ လေးလက်နက်ရဲ့ အစောင့်ဝိဉာဏ်ပဲ
နောက်ဘဝကို မကူးနိုင်တော့ဘဲ ဒီလက်နက်ထဲမှာပဲ ပိတ်မိနေတဲ့ သနားစရာလူတစ်ယောက်ပဲ
ပြီးတော့..."

ရိပေါ် စကားကိုဆက်မပြောသေးဘဲ ဝမ်ရင်မျက်နှာကို ခဏလောက်အကဲခတ်လိုက်ပြီးမှ
"ဒီလိုဘဝကို သူကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာလေ "

LOVE FROM HEAVENWhere stories live. Discover now