Zawgi version
/ပြိုင်ဘက်ကင်းသိုင်းပညာကို တက်မြောက်လိုလျှင် သာမန်လူများထက် နာကျဉ်မှုကို ခံနိုင်ရည်ရှိရမည်/
"ဒီတောင်ပေါ်ကအောက်ကို ပြေးဆင်းပြီး အပေါ်ကို ပြန်ပြေးတက်ရမယ်
ပြေးနေတဲ့တစ်လျှောက်မှာ လုံးဝမနားရဘူး""ရီပေါ် မင်းငါ့ကို အသေသတ်မလို့လား"
"နောက်ထပ် လေ့ကျင့်ရေးတွေလုပ်ဖို့ဆိုရင် သက်လုံကောင်းဖို့ လိုတယ်။ ဒါက အလွယ်ဆုံးအဆင့်ပဲ။ ဒီလောက်ကို အငယ်ဆုံးတပည့်လေးတွေတောင် လုပ်နိုင်တယ်။"
"ကောင်းပြီလေ"
ရှောင်းကျန့် တောင်အောက်သို့ပြေးဆင်းလာလိုက်သည်။
ပြေးနေကျလူမဟုတ်သောကြောင့် လမ်းတစ်ဝက်တွင်ပင် သူ့အဆုတ်က မခံနိုင်။
တောင်ပေါ်တွင် လေထုက ပါးသဖြင့် အသက်ရှူရလည်း ခက်ခဲလှသည်။သို့သော်သူသည်ရှောင်းကျန့်မို့လား။ ပြင်ပအများအမြင်တွင် မည်မျှပင်ပေါ့တီးပေါ့ဆနေသူ ဖြစ်ပေဦးတော့ နဂိုဗီဇကမူ စိတ်ဓာတ်ပြင်းပြသူဖြစ်သည်။
မျက်စိများပင် ပြာဝေနေပါစေ ဆက်ပြေးနေဦးမည်ဖြစ်သည်။
တောင်အောက်သို့ ရောက်ပြီးချင်း ဟန်မဆောင်နိုင်ဘဲ ပစ်လဲတော့သည်။
တောင်အောက်သို့ ရေဆင်းခပ်သော လူငယ်လေးများက သူ့ကိုမြင်သောအခါ လှောင်ရယ်သွားကြသည်။
ရှောင်းကျန့် မျက်နှာပြောင်ပြောင်နှင့်ပင် ဟီးခနဲပြန်ရယ်ပြလိုက်သည်။
ရှောင်းကျန့်၏ လူမြင်နိုင်သော တစ်ဖက်ခြမ်းသည်ကား အရှက်မရှိဘဲ မျက်နှာပြောင်တိုက်တတ်သူပင်။
ထို့နောက် တဖန် တောင်ပေါ်သို့ ပြေးတက်သွားတော့သည်။
______________________________________"နောက်ထပ် ထပ်လေ့ကျင့်ဦး တောင်ပေါ်အတက်အဆင်းကို"
တောင်ပေါ်ပြန်ရောက်ရောက်ချင်း မမောမပြေခင် ဝမ်ရိပေါ်က ခပ်တည်တည်နှင့် အမိန့်ပေးသည်။
"အား.....မင်းရဲ့ဆရာတူအကိုကြီးကို သတ်ချင်နေတာလား"
"ဆရာက ခင်ဗျားကို ထူးချွန်တဲ့သူဖြစ်စေချင်တယ်။ ကျတော်ကလည်း ခင်ဗျားကို သင်ပေးရမယ့် တာဝန်ရှိတယ်။ အဲ့လိုသာ မဟုတ်ရင် အစောကြီးကတည်းက ခင်ဗျားကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး"
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...