Chapter (16)

275 24 4
                                    

Zawgi version

/သွေးဆောင်တတ်တော့ မိစ္ဆာဆီသို့/

"ရိပေါ်ထတော့ ညနေစောင်းနေပြီ
ငါတို့စုံစမ်းစရာရှိသေးတယ် "

ခဏတစ်ဖြုတ်အိပ်ရန် ကြံစည်ထားသော်လည်း စိတ်လွတ်ကိုယ်လွတ်အိပ်မိသဖြင့် အတော်ကြာသွားသည့်ပုံ။

ကျင့်ကြံသူဖြစ်သဖြင့် သာမန်လူတွေကဲ့သို့ အစာအများကြီးစားရန်မလိုသော်လည်း အဆင့်အရမ်းမမြင့်သေး၍ တစ်ရက်တစ်ခါတော့ စားရန်လိုအပ်သည်။

"အစားအစာတွေ မှာပြီးပြီပေါ့ "

ငယ်စဉ်ကတည်းက ပုံစံတကျလေ့ကျင့်ခဲ့ရသူဖြစ်သဖြင့် အိပ်ရာထစမှာပင် ဖရိုဖရဲမဖြစ်။

"ငါတို့အကုန်စားပစ်လိုက်ပြီလေ "

ရှောင်းကျန့်က အပြစ်ကင်းစင်သောမျက်နှာပေးလေးဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာသည်။

ရိပေါ်အစကတည်းက သိသင့်သည်။
ရှောင်းကျန့်ဆိုသောသူက တစ်နည်းမဟုတ်တစ်နည်း သူ့ကိုဒုက္ခပေးမည်ဆိုသည်ကို။

"အဲ့တာဆိုလည်း ကျတော့်ဘာသာပဲ အောက်ဆင်းစားလိုက်မယ် "

ရိပေါ် စားပွဲပေါ်တွင် တင်ထားသောဓားကိုယူကာ အောက်ဆင်းမည်ပြင်တော့ ရှောင်းကျန့်က အကျီလက်အနားကိုဆွဲပြီး တားသည်။

ဗိုက်က အတော်ဆာနေပြီဖြစ်၍ ရိပေါ်ရုန်းလိုက်သောအခါ သူ့လက်မောင်းကို လက်နှစ်ဖက်ဖြင့် ချု ပ်ကိုင်ထား၏။
ရှောင်းကျန့်အားကို ရုန်းနိုင်သော်လည်း ဝမ်ရိပေါ်မရုန်းချင်။
ရှောင်းကျန့် သူ့လက်မောင်းကိုင်ထားသည်ကို သူတကယ်သဘောကျသည်။

"ရိပေါ်လို့ မိစ္ဆာတွေဖမ်းဖို့က ဒီအချိန်အကောင်းဆုံးပဲ  ဒီထက်နောက်ကျရင် သူတို့ကို မဖမ်းနိုင်ဘဲနေလိမ့်မယ်
ဗိုက်ဆာရင်လည်း အပြန်မှစားပေါ့
ငါတို့က ခဏပဲသွားမှာကို နော်.."

ရှောင်းကျန့်၏ ပျစ်ချွဲချွဲအသံကြောင့်ရိပေါ်ကြက်သီးပင်ထသွား၏။

"အဟွတ် အဟွတ် ဖွီး.."

ဘေးတွင်ရပ်နေသော ဝမ်ရင်တောင်မှ  လက်ဖက်ရည်တွေသီးပြီး ချောင်းဆိုးနေတော့သည်။

LOVE FROM HEAVENWhere stories live. Discover now