Zawgi version
/နှာခေါင်းသွေးလျှံသော သူတော်စင်/
"ကောင်းကင်ဘုံ ဟုတ်လား
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "ရှောင်းကျန့် ရိပေါ်ပြောသည့်စကားကိုလက်မခံနိုင်။
မသေမျိုးဖြစ်လျှင်တောင် ကောင်းကင်ဘုံတက်ရန်ခက်ခဲသည့်အခြေအနေတွင် သူတို့လိုသာမန်ကျင့်ကြံသူလေးတွေက ကောင်းကင်ဘုံဆိုသည့်နေရာနှင့် အဝေးကြီးပင်။"ကျတော်တို့ကို ကျောက်တုံးညွှန်ပြတာက ကောင်းကင်ဘုံပဲ
အဲ့ဒီဆီသွားပြီးမှ ကျန်တဲ့ဟာရဲ့သဲလွန်စရမှာ ""မင်းပြောတော့ ဒီမှော်ကျောက်တုံးကိုလိုချင်တဲ့သူတွေက အများကြီးပဲဆို
ကောင်းကင်ဧကရာဇ်ရဲ့ နန်းဆောင်ထဲမှာက ပိုပြီး အန္တာရယ်မကင်းဘူးလား
ငါတို့ ကောင်းကင်ဘုံသွားနိုင်တယ်ထားပါဦး
နတ်ဘုရားတွေလက်ထဲက ကျောက်တုံးကို ဘယ်လိုယူမလဲ ""နည်းလမ်းရှိမှာပါ "
"ငါတော့မထင်ဘူး "
"ကျတော်ကတော့ ယုံတယ် "
"ငါကတော့ မယုံဘူး "
"ရှောင်းကျန့် ခင်ဗျားကျတော့်ကို ကန့်လန်တွေကြီးပြောမနေနဲ့ "
"ဘယ်မှာကန့်လန့်လဲ မင်းနဲ့မျက်နှာချင်းဆိုင်ရပ်နေတာလေ "
"စကားကို ကတ်သပ်မပြောနဲ့ "
"မင်းသာမဖြစ်နိုင်တာတွေ မပြောနဲ့လေ "
"နှစ်ယောက်လုံးတော်ကြတော့!!! "
ဝမ်ရင် နားတွေညီးလာပြီဖြစ်၍ အော်လိုက်ခါမှ ငြင်းခုံနေသော လူနှစ်ယောက်က ငြိမ်ကျသွားသည်။
"ကောင်းကင်ဘုံကိုသွားရမှာက ခက်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူး "
"ဝမ်ရင် မင်းကသူ့ဘက်ပါတာလား "
ဝမ်ရင် ရှောင်းကျန့်၏ စကားကြောင့် ရယ်မိမလိုပင်ဖြစ်သွား၏။
ရှောင်းက ပိုပိုပြီးကလေးဆန်လာတာပဲ
"မင်းသိတယ်ပေါ့ "
ဝမ်ရင် ရိပေါ်အမေးကို ခေါင်းညိမ့်ပြလိုက်သည်။
"ဟွန့် "
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...