Zawgi version
/လျှို့ဝှက်သော မကောင်းဆိုးဝါးနှင့် နားမလည်နိုင်ခြင်းများ/
ရိပေါ် ကျီးငှက်မိစ္ဆာကို နှိမ်နင်းပြီးသောအခါ ဆရာမှာတဲ့အတိုင်း မြို့တော်ထဲသို့ ဝင်ခဲ့သည်ဆရာက ဘာအတွက်သူ့ကိုဝင်ခိုင်းမှန်းမသိသော်လည်း ရောက်လက်စနှင့် မြို့ထဲကဈေးကို လှည့်ပတ်ကြည့်ရှုနေလိုက်သည်
မနက်အစောကြီးကတည်းက တောင်ပေါ်မှဆင်းလာခဲ့သည်ဖြစ်၍ ယခုချိန်ထိ ဘာမျှမစားရသေးချေ
ခေါက်ဆွဲတစ်ပွဲလောက် ဝင်စားမည်ဟု ရည်ရွယ်ပြီး ဆိုင်လိုက်ရှာသောအခါ ဆိုင်တွေအားလုံးက လူပြည့်နေသည်လူများ၏ ဆူညံသောစကားသံများနှင့် မွှန်ထူသောအနံ့များက ရိပေါ်ကိုစိတ်ရှုပ်ထွေးစေသည်
ထို့ကြောင့် လူရှင်းသောစားသောက်ဆိုင်ကိုသာ လိုက်ရှာနေလိုက်သည်တစ်နေရာအရောက်တွင် အနည်းငယ်ယိုယွင်းနေသော ဆိုင်တစ်ဆိုင်တွေ့လိုက်သည်
လူငယ်တစ်ယောက်က ဆိုင်အဝတွင်ထိုင်ပြီး အဝတ်စုတ်တစ်ခုကို လက်ကကိုင်ထား၍ ငြီးတွားနေသည်'ဆွေမျိုးမေ့ စားဖွယ်စုံ'
ဆိုင်းပုဒ်ကလည်း အတန်ငယ်ရွဲ့စောင်းနေသေးသည်ရိပေါ်အတွက် လူရှင်းသည့်ဆိုင်ကသာ အဓိက ဦးစားပေး ဖြစ်သည်မို့ ထိုဆိုင်တွင်သာ ဝင်ထိုင်လိုက်သည်
ထိုအခါမှ ဆိုင်အဝင်ဝမှ လူငယ်လေးကပျာပျာသလဲ ခုံများကိုဖုန်သုတ်ပေးသည်
သူဆိုင်ထဲသို့ရောက်မှ ဆိုင်ထဲတွင်နောက်ထပ်လူတစ်ယောက်ရှိမှန်းသိသည်
စားပွဲပေါ်တွင် မေးထောက်၍ တစ်ခုခုကိုတွေးတောနေဟန်တူသော လူငယ်က သူဝင်လာသည်ကို ယခုထိမြင်ပုံမပေါ်ရုပ်ရည်သန့်ပြန့်သော်လည်း အဝတ်အစားကို ကပိုကရိုဝတ်ထားပုံက ရိပေါ်မျက်စိထဲတွင်ဘဝင်မကျ အပြာရောင်အပေါ်ဝတ်အထည်ကလည်းချည်မျှင်များ ထွက်နေသည်
ဆံပင်များကိုလည်း လျော့တိလျော့ရဲ ချည်နှောင်ထားသေးသည်
ထိုလူငယ်ကို မြင်လိုက်ပြီးချင်း ရိပေါ်သည်စကားလုံး တစ်လုံးဖြင့် မှတ်ချချမိသည် 'ဖြစ်ကတတ်ဆန်း' ဟူ၍
YOU ARE READING
LOVE FROM HEAVEN
FantasyZawgi version တစ်ဖြည်းဖြည်း မေ့ဖျောက်ထားခဲ့တဲ့ အတိတ်ကာလတွေက အချိန်တွေကြာလာလျှင် မေ့ပျောက်သွားနိုင်ပါသလား? တစ်ဆင့်ချင်း နောက်ပြန်လှည့်သွားလျှင် မူလအစကို ပြန်ရောက်သွားနိုင်ပါတယ် တကယ်တော့ ငါတို့ကိုဝေးကွာစေခဲ့တာက အက်ကြောင်းရာလေး တစ်ခုကြောင့်ပါပဲ Unicode...