ကံကြမ္မာအရ မင်းရဲ့အချစ်ရေးဟာသိပ်ဆန်းကြယ်တယ်လွန်းတယ်""မင်းရွေးချယ်လိုက်တဲ့သူဟာ မျက်နှာဖုံးတပ်ထားတဲ့နတ်ဆိုးတစ်ကောင်လိုမျိုးလူစားပဲ"
"သူကသိပ်ကြောက်ဖို့ကောင်းပြီး
လူမကနတ်ဘုရားမကျလို့တင်စားရလောက်အောင်အရှိန်အဝါကြီးတယ်""မင်းသူ့ကိုရွေးချယ်ပြီးပြီးဆိုရင် ဘယ်တော့မှနောက်ပြန်ဆုတ်လို့ရမှာမဟုတ်တော့ဘူး"
သူရဲ့ပုံစံအစစ်အမှန်ကဘာလိုပဲဖြစ်ပါစေ သူ့ကြောင့်မင်းဘ၀မှာအကြီးမားဆုံး ဆုံးရူံးမှု ကံကြမ္မာအလှည့်အပြောင်းတွေကြုံရရင်တောင်မင်းနောက်ပြန်လှည့်လို့မရတော့ဘူးကောင်မလေး"
"မင်းရဲ့အချစ်ရေးအဆုံးသတ်ကငါ့အာရုံခံလို့မရလောက်အောင်မှောင်မိုက်ပြီးရှုပ်ထွေးနေတယ်"
"မှတ်ထားပါ...မင်းနောက်ပြန်လှည့်လို့မရတော့ဘူး"
အဲ့ဒီဟောကိန်း...လူတွေစိတ်၀င်စားအောင်အခြေအမြစ်မရှိတဲ့စကားနဲ့ခြောက်လှန့်နေတာလို့
အမှုမဲ့အမှတ်မဲ့သဘောထားခဲ့မိတယ်။ဒါပေမယ့်...
//ဒီမြို့မှာလူသေမှုတွေဆက်တိုက်ဖြစ်နေပြီ//
//သေဆုံးသူတွေဟာရက်ရက်စက်စက်သတ်ဖြတ်ခံထားရတဲ့ပုံပေါ်တယ် လူသတ်သမားကတစ်ယောက်ထဲပဲ ပြီးတော့စိတ္တဇလူသတ်သမား//
ဘာအတွက်ကြောင့်လူတွေသေနေရလည်း လူသတ်သမားကိုဘာလို့ဖမ်းမမိနိုင်တာလဲ ဘယ်သူမှအဖြေရှာမရဘူး။
အေးချမ်းတည်ငြိမ်ပြီး ခေတ်မီတဲ့မြို့လေးဟာအကြောက်တရားတွေနဲ့ဖုံးလွှမ်းလာတယ်။
ဘယ်သူထင်မှာလဲ သူတို့နတ်သားလေးလို့တင်စားထားတဲ့ သူကသူတို့ရဲ့ဝီဇိန်ကိုခြွေမယ့်နတ်ဆိုးတပါးဖြစ်တယ်ဆိုတာကို...။
~~~~~~~~~~~~~~~~~~~~~~~~~~~
မှောင်မိုက်ကာကျဉ်းမြောင်း
တဲ့လူသွားလမ်းလေးတစ်ခုမှာကောင်မလေးတစ်ယောက် အသက်လုပြေးနေသည်။သူမရဲ့ရင်အစုံဟာမောလွန်းလို့နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး
ဖိနပ်မပါတဲ့ခြေထောက်ဖြူဖြူလေးကပြေးရလွန်းလို့သေွးတွေစို့နေသည်။
YOU ARE READING
『My Crush Has Two Sides』MYG
Fanfiction"မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." "မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." Warning :🚨 This story contain abuse,murders, mature contact, toxic relationship, harm, slight gore Pls this is very dark and creepy , s...