Nothin' warning on
Enjoy it <33
____________________"အာဂျူးရှီးလီ"
ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ အိမ်တော်ထိန်းလီကိုအသံတိုးတိုးဖြင့်လှမ်းခေါ်လိုက်သည်။ ပခုံးပေါ်ခေါင်းလေးတင်လျှက်အေးချမ်းစွာ အိပ်ပျော်နေသော ဆန်းဘေးကိုမနိုးစေချင်တာက တစ်ကြောင်းပေါ့လေ။"ကွဲနေတဲ့ပစ္စည်းတွေကိုရှင်းပြီး
အိပ်ယာပြင်ပေးနိုင်မလား ဆန်းဘေးအိပ်ပျော်သွားပြီ"အိမ်တော်ထိန်းလီကခေါင်းတချက်ငြိမ့်ပြကာ အိမ်အကူတွေကိုလက်ဖျောက်တီးခေါ်ပြီး လုပ်စရာရှိတာလုပ်နေသည်။
ပခုံးသားပေါ်ထိကပ်နေတဲ့ ပါးအိအိလေးကြောင့် သူမကြိတ်ပြုံးမိသေးသည်။ တခါတလေတော့ တွေးမိတယ်။ ဒီအပြစ်ကင်းစင်တဲ့ ဘက်ခြမ်းလေးက သိပ်ကိုပြုစားနိုင်လိုက်တာလို့လေ။ ဖြစ်သမျှအရာအားလုံးကိုမေ့ပြီး သူကိုကာကွယ်ပေးချင်မိတယ် ရူးတာထက်ပိုနေပြီ ထင်ပါတယ်။
ကြမ်းပြင်ပေါ်က ကွဲကြေနေတဲ့အရာတွေရှင်းသွားတော့ သူမအိပ်ပျော်နေတဲ့ယွန်းဂီကိုသယ်ကာ မနည်းထဖို့လုံးပမ်းနေရသည်။ သူကသာ ဟေးရင်မ်ကို ငှက်မွှေးလေးလို ဆွဲမနိုင်ပေမယ့် ဟေးရင်မ်အတွက် ကလွယ်မနေ။ ချွေးတွေ တဒီးဒီးသာယိုစိမ့်ထွက်လာပြီးမ မနိုင်သေး။
ကျောပေါ်ခက်ခက်ခဲခဲပြောင်းတင်ကာ
ကုန်းပိုးပြီး ပြင်ထားတဲ့ အိပ်ယာပေါ် အသာအယာချပြီးလိုက်တာနဲ့
ဟေးရင်မ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ဟောက်သံသေးသေးလေးတချို့ ဟနေတဲ့ နီဆွေးဆွေး နှုတ်ခမ်းပိစိလေးတွေကနေထွက်ထွက်လာတော့ သူမအားရပါးရပြုံးမိသည်။
"သူသာ ဒီလို ပုံစံမျိုးလေးနေ့တိုင်းဖြစ်နေရင်ငါထွက်မပြေးပါဘူး ကျိန်ရဲတယ်"
ကိုယ့်ဘာသာရေရွတ်လိုက်မိပေမယ့် မဖြစ်လာနိုင်မှန်းသေချာပေါက်သိနေသည်။ သူချစ်မိတဲ့သူတစ်ယောက်က အတွင်းဒဏ်ရာတွေအများကြီးနဲ့ နားလည်ရခက်ပြီး ပုံစံအမျိုးမျိုးရှိတဲ့သူ။ ရှာဖွေလေတွေ့ရှိလေ သူအတိတ်တွေကို သူမမိုက်မိုက်မဲမဲ ကုစားပေးချင်မိပါသည်။ အပေါ်ထပ်အိပ်ကပ်ထဲက သူမဖုန်းလေးကိုထပ်ကာ ခပ်လှမ်းလှမ်းမှ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ ယွန်းဂီရဲ့ မျက်နှာလေးကို နှစ်ပုံ သုံးပုံလောက်ရိုက်ထားလိုက်သည်။
YOU ARE READING
『My Crush Has Two Sides』MYG
Fanfiction"မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." "မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." Warning :🚨 This story contain abuse,murders, mature contact, toxic relationship, harm, slight gore Pls this is very dark and creepy , s...