• his madness •

2.4K 188 121
                                    

WARNING ⚠ -
- terrible killing scenes
- murder
- sexual violence
- Mature scenes
( not sex of course )

This part must be such a disgust , but not so much
I warned you <33

ငါသူ့ဆီကနေထွက်ပြေးရမယ်...

လတ်လတ်ဆတ်ဆတ်ပေထားတဲ့ သွေးတွေနဲ့ မျက်နှာသည် လည်ပင်းကိုပိုတိုးဖိကပ်လာသည်။

သူ့ကိုယ်ပေါ်ကသွေးတွေဟာ သူမကိုယ်ပေါ်မှာ ရောထွေးညစ်ပတ်နေလေပြီ။

ဒီလို ဆယ်မိနစ်လောက် အောင့်အီးသီးခံကာနေလိုက်ပြီးနောက် ခေါင်းကိုဖွဖွပုတ်နေတဲ့ သူလက်‌တွေကိုဖယ်လိုက်ရင်း..

"ဆန်းဘေး ဒါတွေသန့်ရှင်းရအုန်းမယ်လေ"

အတက်နိုင်ဆုံးတုန်နေတဲ့အသံကိုထိန်းကာ နူးနူးညံ့ညံ့ပြောလိုက်သည်။ သူ့စိတ်ကအချိန်မရွေး ထဖောက်နိုင်သည့်မို့ ထပ်ပြီး
အထိခိုက်မခံနိုင်တော့ပါ။

"ချိုတယ်"

"ဟင်?"

မျက်နှာဝှက်ထားရာကနေ လွတ်ကာ ရုတ်တရက်ပြောလာသောစကား ကဘာအဓိပ္ပာယ်လည်း စဉ်းစားမရ။

"မင်းအနံ့လေး~"

စကားအဆုံးမှာ သွားဖုံးလေးတွေပေါ်
သည်ထိတောက်တောက်ပပပေါ်လာတဲ့ အပြုံး။ ခုနက ဖြစ်ခဲ့တာတွေနဲ့ဘာမှမဆိုင်တဲ့ တခြားသူတစ်ယောက်လို ပေနေတဲ့သွေးတွေကိုပင် လှပသယောင်ထင်ရစေသည်။

သူ့စကားကို မျက်နာရဲကနဲဖြစ်သွားကာ အကြည့်ကို ‌လွဲလိုက်မိသည်။

"အခန်းထဲပို့ပေးမယ် ကိုယ်လုပ်ထားတာကိုလက်စသတ်စရာရှိသေးတယ်"

ခါးကိုဖက်ထားတဲ့လက်တွေပြေလျော့သွားကာ ဖြေးဖြေးချင်းသူမကိုလွတ်ပေးပြီး
သူထရပ်ကာ ခါးကနေဆွဲမပြီး ပခုံးပေါ်တင်ခံလိုက်ရသည်။

ဗိုက်‌အောင့်သွားသော်လည်း ဘာသံမှမထွက်ပဲပါးစပ်သာပိတ်ထားလိုက်သည်။

အခန်းထဲရောက်တော့ ဖြည်းဖြည်းချင်း အိပ်ယာပေါ်ချပေးကာ ဘာစကားမှမပြောပဲ
လှည့်ထွက်သွားသည်။

တရွတ်တိုက်ဆွဲသံတွေ တချို့အသံတွေ ကြားနေရပေမယ့် နားနှစ်ပိတ်ကို ပိတ်ချလိုက်မိသည်။ မျက်စိရှေ့မှာ လူသတ်ပြီးအလောင်းဖျောက်နေတာကို သာမန်အသိစိတ်နဲ့နားထောင်ဖို့အထိတော့ ခံနိုင်ရည်မရှိသေးဘူး။

『My Crush Has Two Sides』MYGWhere stories live. Discover now