• meet with his devil side •

2.4K 198 41
                                    

Unicode

သိပ်ပြီးချောပါတယ်ဆိုတဲ့မြင်တွေ့နေကြမျက်နှာလေးက အခုကြတော့မကောင်းဆိုးဝါးတစ်ကောင်လို မဲ့ပြုံးတစ်ခုချိတ်ဆွဲထားလျက်...။

သူမကိုမြင်တော့ချက်ချင်းဆိုသလို အရောင်ပြောင်းသွားတဲ့မျက်လုံးတွေ အောက်နှုတ်ခမ်းကိုတဖြေးဖြေးကိုက်ဆွဲသူမကို ညို့အားပြင်းတဲ့ပြင်းတဲ့အကြည့်တွေနဲ့ကြည့်လာသည်။

ဆွဲဆောင်မှုရှိလိုက်တာ...ပြီးတော့သူမျက်၀န်းရဲ့ညို့အားတွေကနေ သူဟာသူမ
သံသယဖြစ်ဖို့လူလုံး၀မဟုတ်ပါကြောင်း
ညို့ခံနေရသလိုပင်။

ဟုတ်သားပဲ ဆန်းဘေးလိုအစစအရာရာပြည့်စုံတဲ့လူမျိုး စိတ်ထားကောင်းတဲ့လူမျိုးအပေါ်သံသယဖြစ်စရာအကြောင်းမှမရှိတာ
အဖြူချင်းတူနေတာကလည်း ဆန်းဘေးက
Uniform coat ချွတ်ထားလို့
နင်ဘာလို့များသံသယဖြစ်စရာရှားရတာလဲဟယ်

"ဘာဖြစ်လို့လဲ... Hye Rim"

ခပ်တိုးတိုးဩရှရှအသံကညို့အားပြင်းလွန်းကာ သူမတကိုယ်လုံးကိုကြက်သီးတွေ‌ထစေတယ်။ တကယ်ပဲ ဆန်းဘေးက အန္တာရယ်များလွန်းလောက်အောက်ညို့အားပြင်းတဲ့
သူပဲ။

"ဘာ-ဘာမှမဟုတ်တော့ပါဘူး Sanbae nim"

မရဲတရဲမော့ကြည့်လိုက်တော့ စူးရှတဲ့အကြည့်တွေနဲ့ဆုံသည်။

ဘာလို့အဲ့လိုကြည့်နေရတာလဲ...ဟင့်အင်းမကြည့်ပါနဲ့ ဆန်ဘေးအပေါ်ထားတဲ့စိတ်တွေထိန်းချုပ်နိုင်စွမ်းမဲ့သွားမှာကြောက်လို့ပါ

"ကျွန်မသွားလိုက်ပါအုန်းမယ်နော်..."

လှည့်ထွက်ဖို့ပြင်တော့လက်မောင်းတစ်ဖက်ကိုဆောင့်ဆွဲခံရတာ လူကယိုင်ကနဲ။

"ကိုယ်ကလူတိုင်းကိုလက်မခံတက်တာမင်းသိမှာပါ...ဒါပေမယ့် မင်းကတော့..."

"ဟင်...?"

ဘာတွေဖြစ်နေလဲ ဦးနှောက်ကအသိမပေးသေးခင်မှာ သူကသူမရဲ့ Uniform အိတ်အပ်ထဲက ဖုန်းကိုဆွဲထုတ်ကာ နံပါတ်တစ်ခုကိုခပ်မြန်မြန်ရိုက်နေပြီဖြစ်သည်။

နောက်ပြီးသူရိုက်ထည့်ပေးလိုက်တဲ့နံပါတ်ကို သူမဖုန်းကနေခေါ်လိုက်တော့ သူ့အိတ်ကပ်ထဲကဖုန်းလေးက အသံမြည်လာသည်။
သူကသူဖုန်းကိုထုတ်ကြည့်ရင်း တချက်ပြုံးကာ သူမလက်ထဲဖုန်းပြန်ထည့်ပေးလိုက်သည်။

『My Crush Has Two Sides』MYGWhere stories live. Discover now