• loser,lovers •

2.1K 195 100
                                    

Warning-
Crying hard
Dizziness
Emotional pain

Sorry for bothered to y'all
be patient and let see what happen
next...

____________________________________

"ဟေးရင်မ် အဆင်ပြေရဲ့လား"

တောင့်တောင့်ကြီးရပ်နေတဲ့သူမရဲ့နားထဲ ဟာနာ့ရဲစိုးရိမ်စိတ်ကြီးစိုးနေတဲ့အသံတိုးတိုးက ဝင်လာသည်။

ဟင့်အင်း မပြေဘူး မပြေဘူးဆိုတာထက်ကိုပိုတယ်။

"ငါ- ငါပြေပါတယ် ဘာလို့အဆင်မပြေရမှာလဲ
သူတို့ကအရမ်းလိုက်တာပဲ"

သုံးခဲ့တဲ့မုသားတွေထဲမှာဒီမုသားက
အခါးဆုံးပဲ။ နှုတ်ဖျားကထွက်လာအောင် မနဲကြိုစားလိုက်ရတယ်။

နီဆွေးဆွေးနှုတ်ခမ်းတွေကတခြားသူရဲ့အပိုင်ဖြစ်သွားပြီ။ သိုင်းဖက်ခဲ့တဲ့လည်တိုင်တွေကလဲ တ​ခြား
​​သူရဲ့လက်တွေသွယ်ယှက်နေပြီ။
ရမ္မက်တွေဒေါသတွေမပါတဲ့ချစ်ခြင်းမေတ္တာတွေနဲ့တပါးသူကိုနူးနူးညံ့ညံ့ကြည့်နေတဲ့မြင်
ကွင်းက ပြိုပြိုပျက်ပျက်ဖြစ်စေတယ်။ ဒီလိုအကြည့်လေးတချက်ကိုသူမဘယ်
လောက်တောင်တောင်းတခဲ့ရသလဲ
ဘယ်သူသိမှာလဲ။ နင်ကသိပ်ရူးမိုက်တဲ့မိန်းမ နင်သိသင့်ပြီ နင့်သိသင့်ပါပြီ သူကနင့်အပိုင်မဟုတ်သလို နင်နဲ့လဲဘာမှမဆိုင်တာကိုပေါ့ ဟေးရင်မ်။ နင်ကသူရဲ့သားကောင်သက်သက်ပါပဲ။ ပိုလဲပိုသလိုလိုလဲမလိုခဲ့ဘူး။ ဒါနင်မေ့
​ေနတဲ့အမှန်တရားပဲ။

"ဟုတ်လို့လား ဟေးရင်မ် နင်မလိမ်ပါနဲ့ဟာ နင်နဲ့ငါနဲ့ပေါင်းလာတာဘယ်လောက်ရှိပြီလဲ"

ပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လာတဲ့ ဟာ့နာ့လက်တွေကြောင့် ငိုမချမိအောင်ထိန်းထားရတဲ့ ဆို့တက်လာတဲ့ နာကျင်မှုစိတ်လှိုင်းတွေက ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်လာရိုက်ခတ်တယ်။ လက်ခုပ်သံတွေသြဘာသံတွေကြားသူမ အသက်ကိုပြင်းပြင်းရူပြီးပျော့ခွေကျမသွားအောင်ထိန်းချုပ်နေရသည်။

သူမရဲ့အရာအားလုံးက ပြိုလဲပျက်ဆီးနေပြီ။
မဟုတ်ဘူး ပျက်ဆီးသွားပြီ။

"ငါတို့ဒီနေရာကထွက်သွားရအောင်"

"အင်း"

ခြေတလှမ်းလှမ်းလိုက်တော့ ယိုင်ကနဲဖြစ်သွားတဲ့ ခြေလှမ်းတွေ အဲ့လောက်တောင်အားနည်းသွားပြီတဲ့လား ငါကသိပ်ပျော့ညံ့တာပဲ။

『My Crush Has Two Sides』MYGWhere stories live. Discover now