• mysterious curses & psychotic murders •

2.2K 186 15
                                    

Unicode
"လာကြပါ...လာကြ တစ်စုံတစ်ယောက်ရဲ့ကံကြမ္မာကထူးဆန်းလွန်းတဲ့အငွေ့အသက်တွေရနေတယ်ဟေ့"

ထိုနတ်ဆရာမရဲ့စကားပြောပုံကိုသဘောမကျ ထူးဆန်းရအောင်ဘာတွေများထူးဆန်းနေတာမို့လဲ??
တမင်သက်သက်လူတွေဆီကအထင်ကြီးမှု လေးစားမှုတွေကိုလိုချင်သဖြင့်လုပ်ကြံပြောနေသည်ဟုစိတ်ထဲမှာမြင်မိသည်။

စိတ်ရှုပ်ရှုပ်နဲ့ပင် သူ့ထိုင်နေသော စားပွဲခုံရှေ့ထိုင်ချလိုက်ရသည်။ hanaကတော့တော်တော်ယုံကြည်နေတဲ့ပုံပေ။

"ဆရာမရှင့်ကျွန်မတို့နှစ်ယောက်ကိုဟောကိန်းထုတ်ပေးပါအုန်း အချစ်ရေးတစ်ခုထဲသိချင်တာပါကျွန်မသူငယ်ချင်းသဘောကျနေတဲ့သူရှိတာမို့ ဖြစ်နိုင်ခြေရှိမရှိနဲ့
အဆောင်လေးဘာလေးလဲလုပ်လို့ရအောင်လာခဲ့တာပါ"

"ဟဲ့Hey rimနင်လာလေ"

"ငါအရင်မေးချင်စိတ်မရှိဘူး နင်အရင်မေးလိုက်..."

ဒီနေရာကြီးကိုသူမတကယ်သဘောမကျပေ။ အငွေ့အသက်မကောင်းသလိုခံစားရတာကရော ထိုနတ်ဆရာမရဲ့ ဘယ်ဘက်မျက်လုံးမှာ အဖြူထည်သက်သက်ကြီးဖြစ်နေကာ ဓားဒဏ်ရာတွေကမျက်လုံးတစ်ဝိုက်မှာ သူ့အသံခပ်အက်အက်ကြီးကတချက်တချက်ထွက်လာရင် ခြောက်ခြားဖို့တောင်ကောင်းသေးသည်။ သူ့ရဲ့ဟောကိန်းတွေကိုနားမထောင်ကြည့်ရသေးခင်‌ပင်မယုံချင်သလိုဖြစ်နေသည်။

"ဟဲ့ငါကဘာမေးရမှာလဲ အရူးမရဲ့ငါ့အချစ်ရေးကမေးစရာမှမလိုတာ"

"ဂျွန်ဂျောင်ကုနဲ့ညားမှာသေချာတယ်ဆိုတဲ့သဘောလား?"

စိတ်ရှုပ်စရာနေရာကြီးထဲရောက်နေပေမယ့်hanaကိုတော့စဖြစ်အောင်စလိုက်မိသည်။hanaအံကြိတ်ကာပါးစပ်လှုပ်ရုံအသံမထွက်ပဲကြိတ်ဆဲလိုက်သောကြောင့် သူမခွီးကနဲဖြစ်သွားသည်။

"မဟုတ်ဘူး ဒီကောင်မလေးရဲ့အချစ်ရေးကဒီလောက်ထိရိုးရှင်းမနေဘူး"

ထိုနတ်ဆရာမ၀င်ပြောလိုက်သောစကားကြောင့် သူမတို့မျက်လုံးလေးတွေဝိုင်းကုန်သည်။

"ဘာဖြစ်လို့လဲဟင် ဆ-ဆရာမ"

Hanaကအထစ်ထစ်အငေါ့ငေါ့မေးတော့ ထိုနတ်ဆရာမဆိုသူကအကြည့်စူးစူးဖြင့်hanaတကိုယ်လုံးကို ခနတာကြည့်လိုက်သည်။

『My Crush Has Two Sides』MYGWhere stories live. Discover now