Warning - abuse
- sexual violence
- ( no smut)_____________________________________
လွန်ခဲ့တဲ့ ငါးနှစ်မှာ သူမအမွေဆိုင်အိမ်ကြီးကိုရောင်းချကာရလာတဲ့ငွေနဲ့ နည်းတာလဲမဟုတ်များတာလဲမဟုတ် အတင့်အတင့်ရလိုက်တဲ့အမွေတွေကြောင့် ဆိုးလ်မှာသူမနဲ့ဟာနာနေဖို့ကွန်ဒိုလေးတစ်ခန်းနဲ့ ကျောင်းဆက်တက်ဖို့အထိငွေအလုံ
အလောက်ရှိခဲ့သည်။ ဆေးရုံစားရိတ်ကလဲ သူမပေးနိုင်တာမို့ သိပ်မပူရ။ ဆိုးလ်ကိုပြောင်းလာခြင်းကထင်ထားတာ
ထက်ပိုလွယ်နေသည်။ စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်ကဝေးသွားတာမို့ အချုပ်အနှောင်တွေကင်းသွားတာမို့ ပိုပြီးလွတ်လပ်ပေါ့ပါးသွားသလိုခံစားရသည်။လောလောလတ်လတ်ငွေချေပြီးဝယ်ထားတဲ့
11ထပ်အမြင့်ကအဆင့်မြင့်မြင့် ကွန်ဒိုလေးတစ်ခန်းရဲ့ မှန်ချပ်တွေကတဆင့် ဆိုးလ်မြို့ကြီးကိုအပေါ်ဆီးကငေးနေမိသည်။ဟာနာသာသတိရလာရင်တော့ပျော်မှာပဲ။
သူကဒီလိုမျိုး luxury အခန်းတွေကိုသိပ်သဘောကျတာ ။ဆေးရုံကဆင်းလာမှ decoration ကို cozyပုံစံလေးပြင်ပြီး ပျော်သွားအောင် surprise တိုက်လိုက်အုန်းမည်။ ဒီအတွေးကြောင့်သူမအနည်းငယ်ပြုံးမိ
သွားသည်။ သူ့ရဲအဝေးကိုရောက်သွားပေမယ့် သူမထင်သလောက်မပျော်နိုင်ခဲ့ပါ။ ဘာလို့လဲ ဘာလို့တစ်ခုခုကိုစွန့်လွတ်လိုက်မိသလိုမျိုး ယူကြုံးမရခံစားချက်ကြီးဖြစ်နေရတာလဲ။_____________________________________
ဒီနေ့လဲ ဆေးပိုက်တွေချိတ်ထားရတဲ့ဖြူဖျော့နေတဲ့ဟာနာ့လက်လေးကိုဆုပ်ကိုင်ပြီး စကားတွေပျော်နေမိသည်။
"ထတော့လေဟာ ငါတို့နှစ်ယောက်အတွက် ငါဝယ်ထားတဲ့အခန်းလေး ဘယ်လောက်လှလဲ နင့်ကိုပြချင်နေပြီ"
"ဘယ်လောက်ထိငါ့ကိုပစ်ထားပြီး
အိပ်နေအုန်းမှာလဲ ဟင် အခုတော်သင့်ပြီမထင်ဘူးလား""ငါတို့ ကတတိယနှစ်ဆိုတော့ ဒီက ဘာသက္ကသိုလ်တက်ကြမလဲဟင် ငါနော့နင်မရှိပဲ တက္ကသိုလ် မလျှောက်နိုင်လောက်ဘူး"
"နင့်လက်ကလေးဖြစ်ဖြစ်လှုပ်လာရင်လေ
ငါဒီနေရာမှာတင် အော်ငိုမိမလားပဲ"
YOU ARE READING
『My Crush Has Two Sides』MYG
Fanfic"မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." "မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." Warning :🚨 This story contain abuse,murders, mature contact, toxic relationship, harm, slight gore Pls this is very dark and creepy , s...