• became a puppet •

3.6K 229 130
                                    

Warning - Mature contact
- Abuse

I already warning this part
So you don't like, don't read
Free to skip

"Oops...looks like taste good"

အိပ်ယာပေါ်တွားတက်ကာမျက်ရည်တွေနဲ့ရုန်းကန်နေတဲ့သူမပေါ်ကို အုပ်မိုးလာသည်။

"ဟေးးး...ရှုး! ရှုး! မငိုရဘူးလေ"

နှုတ်ခမ်းပေါ်ကိုလက်ညိုးတစ်ချောင်းဖြတ်တင်လာကာ ကျန်တဲ့လက်တစ်ဖက်နဲ့မျက်ရည်တွေကိုအတင်းသုတ်ပေးနေလေသည်။

"ဘာလို့လဲ မကြိုက်ဘူးလား?...မင်းအမြဲ
တွေးနေခဲ့တာမဟုတ်ဘူးလား?"

"ဒါပေမယ့်မင်းတွေးထားတဲ့ပုံနဲ့တော့
ကွာခြားလိမ့်မယ်"

မျက်နှာကိုလက်တဖက်နဲ့ဆွဲညစ်လာတော့
ဟိုဖက်ဒီဖက်ရုန်းနေမိသည်။ မလွတ်မှန်းသိ
ပေမယ့်လည်းရုန်းရမှာပဲမဟုတ်လားး
ဒီနေရာမှာတင်လျှာကိုက်ပြီးသေသွားရရင် ကောင်းမယ်လို့တွေးရလောက်အောင် သူ့လက်ထဲမှာ သူမရဲ့အရာအားလုံးကပျက်ဆီးသွားပြီ။

ဒါပေမယ့်ဘာလို့လဲ ဘာလို့မုန်းလို့မရတာလဲ?
သူမမိဘတွေကိုမျက်စိရှေ့မှာ သူသတ်ခဲ့တဲ့မြင်ကွင်းတွေ၊ လူတွေအများကြီးသေခဲ့ရတဲ့နောက်ကွယ်က တရားခံကသူဆိုတာ လည်းသိပြီးသွားတာတောင်၊ ခြေထောက်တွေကို
ရိုက်ချိုးခဲ့တာရော အနာတရဖြစ်အောင်လုပ်ခဲ့တာတွေရော သူက သိပ်ကြောက်စရာကောင်းတဲ့ Psychopath တစ်ယောက်ဆိုတာကိုသိပြီးသွားတာတောင်မှ ရယ်စရာကောင်းတာက
သွေးပျက်နေတာကလွဲရင် ကြောက်နေတာကလွဲရင် ချစ်နေတုန်းပဲတဲ့။ အခုလည်း အဆုံးစွန်ဆုံးအထိ ဖျက်ဆီးခံရတော့မယ်။ ပြီးရင် သူ့လက်နဲ့ မြေအောက်တနေရာမှာ တိတ်တိတ်လေးမြေမြုပ်ခံရမယ်။ ကောင်းလိုက်တာ
ကောင်းလိုက်တာ ကင်မ်ဟေးရင်ရေ
ဘယ်လို ကံကြမ္မာကြီးလဲ မလိုချင်ဘူး
ငါ့ကိုအစကထဲက ဘာမှမသိပဲပေးသေခဲ့သင့်တာ အနည်းဆုံးတော့ ငါအသားပဲနာခဲ့မှာ အရိုးထဲစိမ့်အောင် နာကျင်ပြီး တသက်လုံးယူကြုံးမရစရာအဖြစ်အပျက်မျိုးနဲ့အဆုံးသတ်ရမှာ
မဟုတ်ဘူး။ ကျိန်စာလား?...တကယ်ပဲ ဟို
နတ်ဆရာမရဲ့ကျိန်စာကသူမအပေါ်သက်ရောက်
နေခဲ့ပြီလား။

『My Crush Has Two Sides』MYGWhere stories live. Discover now