• let's play a game •

2.5K 179 123
                                    

Warning - rough psycho abuse,
wrong lawsuit
A few mature scenes+

If you feel uncomfortable , ignore this part & fanfiction pls :)

______________________________

ကျောင်း၀န်းထဲရောက်အောင်သာရောက်လာရသောလည်း သေလောက်အောင်နာနေသောအောက်ပိုင်းကြောင့် တွေ့တဲ့နေရာမှာ
ပစ်လဲလိုက်ချင်စိတ်တွေတဖွားဖွား။

ပျော်ရွင်မှုလား? ဟင့်အင်းမခံစားရဘူး
ဒါအပေးအယူတစ်ခုမဟုတ်ပဲထောင်ချောက်အကြီးကြီး လုံးလုံးလျားလျားကို
ကျသွားခဲ့တာ သူမဘ၀တစ်လျှောက်လုံးရုပ်‌
သေးရုပ်တစ်ရုပ်လိုကြိုးဆွဲပြီးချယ်လှယ်ခံရ
မည့်အခြေအနေကိုသူမကိုယ်တိုင်
ခုန်ဆင်းလိုက်တာ။

တုန်းလိုက်တာ နှုံလိုက်တာလို့ပဲ ကိုယ့်ကိုယ်ကိုပင်အပြစ်မတင်နိုင် အသုံးချလို့၀ရင်
သူ့လက်နဲ့သူမကိုအဆုံးသတ်ပေးဖို့သာ မျှော်လင့်ပါသည်။

အခုချိန်မှာ မျှော်လင့်မိသည်က သူမဒီလောကကြီးကထွက်ခွာသွားဖို့တစ်ခုထဲသာ
ရစရာမရှိအောင်စုတ်ပြတ်သတ်သွားပြီပဲ
မဟုတ်လား ကောင်းမွန်တဲ့အပိုင်းအစလေးတစ်ခုတောင်ခန္ဓာကိုယ်မှာမကျန်ခဲ့တော့လောက်အောင် အဖျက်ဆီးခံခဲ့ရပြီပဲ
မဟုတ်လား စိတ်ရောခန္ဓာကိုယ်ရော

"ဟိုမှာ ကင်မ်ဟေးရင်မဟုတ်လား!!"

သူမကိုမြင်သွားကြပြီ ကျောင်းကြီးတစ်
ခုလုံး ယောက်ယှက်ခတ်သွားကြသည်။

ခနကြာ‌တော့ဆရာမတွေပြေးလာကြသည်။

ထို့နောက် ရုံးခန်းသို့

"သမီး သမီးအသက်ရှင်နေသေးတာပဲ"

"ဟုတ်"

"ဘာတွေဖြစ်ခဲ့လဲ ဆရာမတို့ကိုပြောပါအုန်းသမီးအကုန်မြင်ခဲ့လား"

"သမီး သေချာပြောပြပါ့မယ် အခုခနလောက် ‌သမီးကိုအချိန်ပေးနိုင်မလား"

"အေး သမီးလေး ကြိုက်သလောက် အချိန်ယူနော် ဆရာမ အမှုစစ်တွေနဲ့စကားသွားပြောလိုက်အုန်းမယ်"

"ဟုတ်ကဲ့"

"ဟေးးရင်!!!"

သူမနောက်ဖက်က အော်ခေါ်သံကြောင့်
လှည့်ကြည့်လိုက်တော့ ရုံးခန်းတံခါး၀မှာ
မျက်ရည်တွေနဲ့ရပ်နေတဲ့ hana။

『My Crush Has Two Sides』MYGWhere stories live. Discover now