• if i escape? •

2.4K 171 116
                                    

WARNING - Bleeding scenes
- Mature contact
( more like smut :'( )
- mature language (omg i can't believe i write this 😭)

Warning အကြီးကြီးပါ ‌အဆင်မပြေလောက်ဘူးထင်ရင် ကျော်သွားကြတာအကောင်းဆုံးပဲ။ ㅠㅠ

အသက်ကို မှန်မှန်ရှုရင်း မျက်လုံး အတင်းမှိတ်ကာ အိပ်ပျော်ချင်‌ယောင်ဟန်ဆောင်ဖို့ ကြိုးစားပေမယ့် ရေသံတွေ တရွတ်တိုက်ဆွဲသံတွေ ခြေသံတွေက သူမကိုတုန်လှုပ်စေတယ်။

သူထက်ပြီးတော့ အစအနဖျောက်ပစ်နေတာသိပ်ကျွမ်းကျင်တဲ့ပညာရှင်တယောက်လို တချက်မှမတွန့်တချက်မှ မဆုတ်ပဲ ဖျောက်ဖျက်ပစ်နေတာ ဒီတခါက
သူမကြောင့်။ မထင်ထားဘူး အရုပ်တရုပ်လုံး အညှာအတာ ကင်းကင်းမဲ့မဲ့ဆက်ဆံခဲ့ရတဲ့သူဆီကနေ သူမအတွက် လုပ်ပေးတဲ့ ရာဇ၀တ်မှုကြီးကိုလေ။ ခေါင်းထဲမှာအတွေးတွေကဟိုရောက်လိုက်
ဒီရောက်လိုက် သူဒီလိုလုပ်ခဲ့တဲ့လူတွေဘယ်လောက်တောင်များနေပြီလဲ?။
ငါသူ့ဆီက လွတ်မြောက်သွားရင်ရော ဘ၀သစ်တစ်ခုမှာ ပျော်ရွင်ရမှာပဲ။
သွေးညှီနံ့တွေ ရမ္မက်တွေ ရူးသွပ်မှုတွေမရှိတဲ့ဘ၀တစ်ခုပေါ့။

ချွေးနံ့သင်းသင်းနဲ့ လိမ္မော်သံဖျော့ဖျော့လေးရောထွေးနေတဲ့ အနံ့ဟာ အနီးအနားကိုရောက်လာပြီး ကုတင်ကြီးအိကနဲဖြစ်သွားသည်။ အနံ့ပြင်းပြင်းရေမွှေးတစ်ခုစွတ်ဖို့မေ့သွားတယ်ထင်တယ်။

"ကိုယ်ဒီနေ့တော်တော် ပင်ပန်းသွားပြီပဲ"

ဆံပင်တွေထဲတိုး၀င်လာတဲ့ အေးစက်စက်လက်တွေကြောင့် မျက်လုံးကိုပိုတိုးမှိတ်ပစ်လိုက်တယ်။

"ဟန်ဆောင်မနေစမ်းပါနဲ့ မအိပ်သေးတာ ကိုယ်သိတယ်"

သူစကားနားမထောင်ရင် ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်လာနိုင်တာကြောင့် မျက်လုံးပွတ်ကာ ထထိုင်လိုက်သည်။ ချွေးတွေနဲ့ ကပ်နေတဲ့ရှပ်က တဆင့် အပိုမရှိပဲ တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ ခါးသွယ်သွယ်တွေကိုမြင်နေရသည်။ သူ့မျက်လုံးတွေက ခါတိုင်းထက် ပိုနက်မှောင်နေပြီး နှုတ်ခမ်းရဲရဲတွေမှာလဲတပ်ဆင်နေကျ ခပ်ထေ့ထေ့အပြုံးတစ်ခုမရှိပေ။

『My Crush Has Two Sides』MYGWhere stories live. Discover now