• his sister? •

2K 164 128
                                    

Warning- psycho abuse
- Murder
- Bleeding scenes

အမောတကောပြေးကာ အတန်းကခုံမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ မီးလောင်သလိုပူနေတဲ့ မျက်နှာကြီးကိုလက်နှစ်ဖက်နဲ့အုပ်ထားမိသည်။

ဘေးနားက ဟာနာက စပ်ဖြဲဖြဲနဲ့ အနားကပ်လာကာ ဘာဖြစ်ခဲ့လဲဆိုတဲ့သဘောမျိုးနဲ့ မျက်ခုံးတဖက်ပင့်ပြသည်။

"သောက်ကောင်မ ဘာလို့ထားခဲ့တာလဲ အားးး!
ငါနင်ထားခဲ့တဲ့အချိန်ရူးသွားတယ်ထင်တယ်"

စီးထားတဲ့ဆံပင်ကိုဆွဲဖွပစ်ကာစိတ်ညစ်စွာ hanaကို အော်လိုက်သည်။

"ဟဲ့ နင်နဲ့သူအဆင်ပြေသွားအောင်ကျေးဇူးတင်စကားဘာညာသေချာပြောလို့ရအောင် ထားခဲ့တာလေ အဲ့တော့ ဘယ်လိုဖြစ်သွားပြီလဲစကားပြောဖြစ်လား?"

"နင်ဘာမှမသိပါဘူးဟာ"

စိတ်ပျက်လက်ပျက်အသံနဲ့ပြောကာ
ငိုချင်စိတ်ပေါက်လာသည်။

ငါဘာတွေဖြစ်ခဲ့တာလဲဟာ...ရှက်လို့သေ
တော့မှာပဲ ပြန်တောင်မတွေးရဲဘူး စတိုးခန်း
ထဲမှာတဲ့ အားးးးးး!!!

"ငါကဘာကိုမသိတာတုန်း!"

"ဒီတိုင်းငြိမ်ငြိမ်လေးနေဟာ!"

Hanaကတစ်ခုခုပြောမလို့ပြင်နေရင်းကနေသူ့အကြည့်က သူမလည်ပင်းဆီရောက်သွားသည်။

"ဒါနဲ့နင့်လည်ပင်းက လည်ပတ်လား ဆွဲကြိုးလား အရင်ကနင်ဆွဲတာမတွေ့ဖူးပါဘူး လော့ကတ်ကလည်း မပြောသင့်ပေမယ့် ခွေးလည်ပတ်နဲ့တူတယ်ဟ မလှဘူး"

ဒီစကားကြားတော့ သူမနှုတ်ခမ်းကိုသာဖိကိုက်လိုက်မိသည်။ ဘယ်လိုအဖြေပြန်ပေးရမလဲ၊ အကျပ်ရိုက်ကာ နဖူးမှာချွေးစတွေစီးကျလာသည်။ငါက ဆိုက်ကိုဖောက်နေတဲ့လူသတ်သမားရဲ့စောင့်ကြည့် ခံအိမ်မွေးခွေးလေးပါလို့လား။
အဲ့လိုသာဖြေလိုက်လို့ကတော့ ‌အပိုင်းပိုင်းခုတ်ထစ်ခံဘ၀နဲ့ မြေကြီးတနေရာမှာ အဆုံးသတ်သွားလိမ့်မည်။

ရူးချင်တာပါပဲ...

"အ‌ဒေါ်တစ်ယောက် လက်ဆောင်ပေးထားတာအဲ့ဆွဲကြိုးက $4.5တောင်တန်တဲ့ဟ သူကအမြဲ၀တ်ထားတဲ့ ဈေးကြီးတော့လဲ
ငါမငြင်းနိုင်ဘူးလေ"

『My Crush Has Two Sides』MYGWhere stories live. Discover now