• welcome from little hell •

2.6K 172 78
                                    

Warning-@ mature contact!!
(Little bit)

- Psycho abuse

- Bloody scenes

_lf you want to skip,You can skip this Part _

"Fuckkk"

စူးတောက်နေသည့်မျက်လုံးတွေသည် ခန္ဓာကိုယ်အနှံကိုပြေးလွားနေသောသည်။ ရုန်းချင်သော်လည်းလှုပ်၍ပင်မရ သနားခံနေသော မျက်လုံးများကို သူယောင်လို့ပင်မကြည့်ခဲ့
ရက်စက်မှုတွေကရုပ်ကလေးနဲ့မှမလိုက်အောင်
များပြားပြီးကြောက်မခန်းလိလိ။

မေးဖျားကိုလက်ညိုးဖြင့်ဆွဲမော့ကာ လက်တဖက်ကနှုတ်ခမ်းကိုပွတ်ဆွဲလာသောကြောင့်
တွန့်သွားရသည်။

"ဒီတိုင်းရိုက်ပဲရိုက်နေရရင် ပျင်းစရာကြီး...
တကိုယ်လုံးမလှုပ်နိုင်တဲ့အထိ ဖျက်ဆီးပစ်လိုက်ရရင်ပိုပျော်ဖို့ကောင်းမယ်ထင်တယ်"

မျက်ရည်တွေကြားမှာ ခေါင်းကိုပြုတ်ထွက်မတက်ခါကာ အမှတ်မရှိတဲ့သူမက မျက်နှာဖုံးခွာ
မချခင်ကလို စိတ်ကောင်းနှလုံးကောင်းရှိပြီး သူမကိုသက်ညှာပေးမည်ဟု ထင်နေမိသေးသည်။

"မင်းက လှသားပဲ... ကျောင်းမှာတုန်းက
ဖြစ်သလိုဆွဲချည်ထားတဲ့ ဆံပင်ပုံစံနဲ့ ပုံတုံးတုံး
Uniformကြောင့်သာ ကြောင်တောင်တောင်
ပုံစံဖြစ်နေခဲ့တာ"

မျက်စိရှေ့တွင်သူမမိဘတွေအား ရက်ရက်စက်စက်သတ်သွားသော မြင်ကွင်း
သည် တသက်လုံးမုန်းတီးရွံရှာကာ လက်စားချေပစ်ဖို့လုံလောက်ပေမယ့်လည်း သူမ သည်သူ့ကိုလုံး၀မမုန်းနိုင် မုန်းသည့်စိတ်သည် မြူမှုန်မှ မရှိတာမို့လို့ ကိုယ့်ကိုယ်ကိုယ်သာ သေလောက်အောင်မုန်းမိသည်။ သူမစိတ်ထဲတွင် အရင်က အေးအေးလေးနဲ့ ‌အရာအားလုံးကိုတော်ကာ စိတ်ထားကောင်းသော Sunbae ဝိညာဉ်သည်သူထံကိန်းအောင်းနေသေးသည်ဟု ယုံကြည်မိသေးသည်။

"Babeရဲ့ ငိုနေလို့လဲ အပိုပဲလေ... ထပ်ထပ်ပြီး နေ့တိုင်းငိုစရာကိစ္စတွေဖြစ်နေအုန်းမှာမို့လို့ မသေမချင်းကျနေရမည့် မျက်ရည်တွေကိုသိမ်းထားလိုက်ပါအုန်း"

ထိုလူ၏ လေသံသည် ပျော့သွားကာ ချော့မြူနေတဲ့ပုံစံပေမယ့်လည်း သူ့စကားသည် နူးနူးညံ့ညံ့အဓိပ္ပာယ်မဟုတ်။

『My Crush Has Two Sides』MYGWhere stories live. Discover now