• behave, honey bird •

2.8K 178 51
                                    

Warning-
A few mature scenes
Abuse
Emotional pain

_______________________

သူ့နှုတ်ခမ်းတွေက အရင်တုန်းကလောက်မကြမ်းတမ်းပေမယ့် ဒေါသတွေကိုခံစားမိနေသည်။

ဘာလို့လဲ ? သူချစ်တာ lola ကိုလေ သူမကိုဘာလို့လက်မလွတ်ပေးချင်ရတာလဲ။ ဘာလို့များထပ်ပြီးနိုပ်စက်ချင်နေတာလဲ။

ကွင်းထဲက ၏လူတွေရဲ့တယောက်တပေါက် အသံတွေစတင်ကျယ်လောင်လာသည်။
လိုလာ့ရဲ့ အံ့ဩသံကျယ်ကျယ်လောင်လောင်ကို သူမနောက်ကျောဖက်ကနေ ကြားဖြစ်အောင် ကြားလိုက်ရပါသည်။

သူမကမထင်မရှားကောင်မလေးမို့ သတင်းထွက်တာကကိစ္စမရှိ သူကတကျောင်းလုံးမှာရော အပြင်မှာပါ နာမည်ကြီးနေတဲ့သူ
သူမမသိစိတ်လေးက
သူကိုဘာမကောင်းသတင်းမှ
မထွက်စေချင်သလို သူချစ်ရသူရဲ့အထင်လွဲခြင်းကိုလဲမခံစေချင်ပါ။

ရင်ဘတ်ကို အားကုန်တွန်းထည့်လိုက်တော့ သူနည်းနည်းယိုင်သွားပေမယ့် အနမ်းတွေကမပြတ်စဲသွား။ ခါးကိုကိုင်ထားတဲ့လက်တွေပိုမိုတင်းကျပ်လာပြီး မျက်နှာကိုပိုဆွဲယူလာသည်။

ဘာလို့ ခေါင်းမာပြီးဆက်နမ်းနေရတာတဲ့လဲ။ သူမတို့ရောက်နေတာ လူမြင်ကွင်းကြီးမှာ ဒီလိုလုပ်တာက သိပ်ကိုမှားနေတယ်။ သူ့စိတ်ထဲမှာဘာတွေရှိလဲမသိပေမယ့် သေချာတာကတော့ ရပ်ကိုရပ်မှာဖြစ်မှာ။

သူမျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ကာ အတင်းဖယ်တော့မှ နှုတ်ခမ်းကိုနာအောင်တမင်ကိုက်ချပြီး လွတ်ပေးလိုက်သည်။

သူမျက်နှာက ထင်ထားတာထက် ကြောချမ်းဖို့ကောင်းအောင်အေးစက်နေပြီး သူလူတွေရှေ့မှာပြလေ့မရှိတဲ့အေးစက်မှုမျိုး။

သူထိုမျက်နှာနဲ့ ကွင်းဖက်လှည့်ကြည့်လိုက်တော့ လူတချို့ရဲ့ စကားသံတွေတိကနဲပိတ်ကုန်သည်။ အဲ့လိုပိတ်ရလောက်လဲ မျက်နှာထားက ကြောက်ဖို့ကောင်းလွန်းသည်။

မကြောက်နိုင်သူက lola ပင်။
ယွန်းဂီကို အံဩခြင်း မကျေနပ်ခြင်းတွေနဲ့ကြည့်ကာ မျက်နှာကို
လက်ဖြင့်အုပ်လျှက် ထိုနေရာမှ ပြေးထွက်သွားသည်။

『My Crush Has Two Sides』MYGWhere stories live. Discover now