• family dinner • extra

1.3K 133 33
                                    


"ယွန်းရေ မထသေးဘူးလားဟင်"

"ယွန်းရေ ထပါအုန်း ဟေးရင်မ်  ယွန်းအကြိုက်မနက်စာပြင်ထားတယ်"

အိပ်ချင်မူးတူးနဲ့မျက်နှာဖြူနုနုလေးက ခေါင်းအုံးကိုအပ်ကာမကြားချင်ယောင်ဆောင်အိပ်နေသည်မို့ ဟေးရင်မ်အသဲယား ကာ ပွယောင်းနေသောဆံနွယ်တွေကိုဖိနမ်း
လိုက်မိသည်။

သန်မာသောလက်တစ်ဖက်ကအိပ်ယာပေါ်ဆွဲချသွားသည်မို့သူ့အပေါ်စောင်တွေနဲ့လုံးထွေးကာကျသွားရသည်။ ခါးကိုခပ်တင်းတင်းဖက်ကာ မျက်လုံးမဖွင့်ပဲသူမနားသယ်စပ်လေးကိုနမ်းလာတာမို့ရီမိသည်။ မျက်လုံးလဲမပွင့်သေးပဲနဲ့။

"ကိုယ်ကမနက်စာထက်
မနက်စာလုပ်ပေးတဲ့သူကိုပဲစားချင်တာ"

အိပ်ယာထကာစအသံအက်ရှရှနဲ့
မနက်စောစောစီးစီးပြောချလိုက်တဲ့စကားကြောင့်
ဟေးရင်မ်မျက်နှာရဲခနဲဖြစ်သွားသည်။

"ဟယ်တော့်...တကယ်ပဲဘာတွေပြောနေမှန်းလဲမသိပါဘူး ဖယ်ပေး"

"အမေ့!"

ချက်ချင်းကြီးထထိုင်ကာဟေးရင်မ်ကိုစွေ့ကနဲပွေ့ပြီးအိပ်ယာပေါ်ကဆင်းသွားတဲ့သူကြောင့်လန့်ဖျန့်အော်မိသည်။

"မနက်စောစောစီးစီးဆိုရင် ညနေလောက်မှအကောင်အထည်ဖော်ကျတာပေါ့ ကိုယ်မျက်နှာသစ်တာကိုပေါင်ပေါ်မှာထိုင်ပြီးစောင့်နေပေး ကိုယ့်ဘေဘီလေး"

"အင်း"

"မအင်းရဘူး"

"ဟုတ်"

"လိမ္မာတယ်"

ယွန်းဂီနဲ့ဟေးရင်မ် လက်ထပ်ဖို့က သုံးရက်သာလိုတော့သည်။ living together အဖြစ်နေလာတာ နှစ်နှစ်နီးပါးပင်ရှိတော့မည်။ လွှတ်လာတာမကြာသေးသည့် ကွင်းဆက်လူသတ်သမားဟာသူ့မချစ်သူအဖြစ်ကြော်ညာလိုက်ကထဲက ရဲဌာနတစ်ခုလုံးပွက်လောရိုက်သွားရသည်။ ယွန်းဂီနဲ့အတူတူနေနိုင်ဖို့သူမရဲ့ရဲဘဝကိုစွန့်လွတ်ခဲ့ရသည်။ နောင်တမမရခဲ့ပါ။ ယွန်းဂီဟာ သူမရဲ့ဘဝဖြစ်နေခဲ့တာသေချာသလောက်ပင်။
သူမရောယွန်းဂီကပါလက်ထက်ချင်ပေမယ့် ပတ်ဝန်းကျင်ငြိမ်သွားမဲ့အခြေအနေတစ်ခုကို စောင့်နေကြရတာဖြစ်ပြီး အဲ့အချိန်သည်အခုလက်တကမ်းအလိုမှာ။
သူမသည်အခုချိန်ကစပြီးယွန်းဂီရဲ့ကောင်းခြင်းဆိုးခြင်းမှန်သမျှကိုလက်ခံပြီးငြိမ်ငြိမ်လေးနေကာ ယွန်းဂီကိုထိန်းသိမ်းနိုင်ခဲ့ပြီ။
ဒီလိုအချိန်မျိုးရောက်ဖို့ အရာအားလုံးကိုရင်းပြီး ဟေးရင်မ်အကြာကြီးစောင့်ခဲ့ရတာပါလေ။ ယွန်းဂီကဟေးရင်မ်နဲ့ပြန်တွေ့ပြီးနောက်ပိုင်းတအားငြိမ်သွားတယ်ဆိုပေမယ့် ဟေးရင်မ်ကိုမျက်စိအောက်ကပျောက်မခံနိုင်
အောင်ဖြစ်လာသည်။ တစ်ခါတလေကြရင် ငါးမိနစ်လောက်သူမပါပဲအပြင်ထွက်သွားတာကို
ပင်အခန်းထောင့်လေးမှာထိုင်ပြီး မျက်လုံးတွေမူမမုန်တော့ပဲ ဟေးရင်မ်ဟုသာတတွက်တွက်ရေရွတ်နေတက်
သည်အထိ။ ခြေထောက်တွေကလဲပေကျံကာ နေရာအနှံလိုက်ရှာထားသည့်ပုံ။ ယွန်းဟာသူမထက် ပိုသန်မာတယ်ထက်ရပေမယ့်တစ်ခါတလေမှာ
နုနယ်တဲ့ကလေးလေးလို့သူ့စိတ်တွေက
အထိခိုက်လွယ်လွန်းနေသည်။ အရင်ကလိုသူဆိုးဝါးတာတွေမလုပ်တော့ပေမယ့်မျက်လုံးအကြည့်တစ်ချက်ကပင်လူကို
အပိုင်းအပိုင်းခုတ်ထစ်ပစ်မယ့်ပုံ တွေ ၊ မူမမုန်တာတွေဖြစ်လာရင်သူမမှာပြေးပွေ့ကာ ဆံပင်တွေကိုတဖွဖွနမ်းပြီးငြိမ်သွားသည်အထိချော့မော့စိတ်လျော့ပေးရသည်။ အပြင်ပန်းကကြည့်လိုက်ရင်သာဟေးရင်မ်အတွက်ယွန်းဂီဟာ သာမန်ပုံစံကလေးဖြစ်နေပေမယ့် အခုချိန်ထိရှုပ်ထွေးမှုတွေနဲ့ပြည့်နက်နေဆဲပါ။ သူဆိုးဝါးတဲ့အပြုအမှုတွေမလုပ်တော့တာကလဲ ဟေးရင်မ်သူ့အနားမှာအခုချိန်ထိရှိနေနိုင်လို့ပင်ဖြစ်သည်။ ညအိပ်ရာဝင်တိုင်း ယွန်းက စကားတစ်ခွန်းပြောနေကြ " ဘေဘီကိုကိုယ်ကအရာအားလုံးနဲ့လဲထားတာမို့ ကိုယ့်ဘေးကထွက်သွားမယ်ဆို ကိုယ့်ဘဝကသေတာထက်ဆိုးဝါးသွားလိမ့်မယ်တဲ့"

『My Crush Has Two Sides』MYGWhere stories live. Discover now