Noting warning on
______________________________
"ဂင်ဟေးရင်မ်ရှီး ကျွန်တော်ထိုင်မယ်နော်"
မျက်စိရှေ့လူကအံသြစွာဘယ်လောက်ထိငေးမောကြည့်မိနေမှန်းမသိ။ သူရဲ့သြရှရှအသံသူမနားထဲတိုးဝင်လာမှသတိပြန်ကပ်တော့သည်။သူကလက်နဲ့ပါးစပ်ကိုအုပ်ရင်းချောင်းဆိုးသလိုဟန်ဆောင်ကာခပ်ဖွဖွရီသည်။ပြီးမှလှိုက်လှဲစွာတစ်ချက်ပြုံးပြသည်။
နေပါဦး။ သူမလူများမှားနေသလား။ သူမအရင်ကသိခဲ့ဖူးတဲ့မင်ယွန်းဂီမှာဒီလိုနွေးထွေးတဲ့အပြုံးမျိုး၊တည်တည်ငြိမ်ငြိမ်အကြည့်မျိုးမရှိဘူးထင်သည်။ဒါကရောသူ့ရဲ့မျက်နှာဖုံးပဲလား။လူတွေရှေ့မှာမို့ကောင်းဟန်
ဆောင်ပြနေတာလား။ သူမအတွေးတွေနဲ့ဇဝေဇဝါဖြစ်နေတုန်းမှာသူ့အသံထပ်ကြားရသည်။"ကျွန်တော်တို့ကသိပြီးသားဆိုတော့အထူး.တလည်မိတ်ဆက်စရာမလိုတော့ဘူးထင်ပါ
တယ်""ဟေးရင်မ် ဘာမှာမလဲ မှာလိုက်လေ"
သူအသံကရှတတပေမယ့်ချိုချိုအေးအေးလေးထွက်လာသည်။ cafeဆိုင်မှန်ချပ်တွေကနေတဆင့်နေရောင်က
ဂုတ်ထောက်နေတဲ့ mullet ပုံစံဆံပင်ပျော့ပျော့လေးတွေထိုးကျနေသည်။
သူ့ရဲ့မျက်တောင်စိတ်စိတ်လေးတွေ၊နှုတ်ခမ်းပါးပါးရဲရဲကလေးကိုရောပဲ။
တောက်ပတယ်၊ခန့်ညားတယ်၊နူးညံ့တယ်။ သူ့ဆီမှာတခါမှမတွေ့ခဲ့ရတဲ့အရှိန်အဝါတွေပဲ။
ဒီနေ့သူပုံစံကနတ်သားလေးတစ်ပါးလို။
သူ့ဖြစ်တည်မှုနဲ့ဒီစကားလုံးကမအပ်စပ်ပေ
မယ့်လဲပေါ့လေ။ ၇နှစ်လွန်ခဲ့ပြမှပြန်တွေ့ရတဲ့သူ့ရဲ့ပုံစံကဒေါနဲ့မောနဲ့မဟုတ်ပဲတည်ငြိမ်အေးချမ်းကာတစ်မျိုးတစ်ဖုံ
ဆန်းသစ်လို့နေသည်။ ဒေါက်တာတဲ့လားလူတွေရဲ့အသက်ကိုကယ်တဲ့
အလုပ်တဲ့လား။"အော် အင်း ဆန်း- အာ sorry ဒေါက်တာ ရော မှာပါ"
"ကျွန်တော့်ကိုပေါ့ပေါ့ပါးပါးပဲပြောပါ
duty offတာနဲ့ပြေးထွက်လာခဲ့တာမို့ duty coat ကြီးနဲ့ဖြစ်နေရတာ အဲ့လိုအခေါ်ခံချင်လို့ဝတ်လာတာ
မဟုတ်ဘူးရယ်""အမှန်တိုင်းပြောရရင် ပေါ့ပေါ့ပါးပါးပြောဖို့ကျွန်မအတွက်အဆင်
သင့်မဖြစ်သေးတာ အမှန်ပဲ ဒေါက်တာ ဒေါက်တာလဲသိပါတယ် ကျွန်မနဲ့ဒေါက်တာ့အတိတ်တွေကပျော်ရွင်
စရာမဟုတ်ခဲ့ဘူးလေ"
YOU ARE READING
『My Crush Has Two Sides』MYG
Hayran Kurgu"မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." "မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." Warning :🚨 This story contain abuse,murders, mature contact, toxic relationship, harm, slight gore Pls this is very dark and creepy , s...