• can i hold you ? •

2K 162 55
                                    


Sadly, this chapter will be sadness, hurt

Warning - nothin', just a soft
kiss and yoongi is in hard pain and mad

_________________________

"Economics note ထုတ်ပါ"

ဆူညံ့ပွက်လောရိုက်နေတဲ့ အတန်းကြောင့် ဆရာမအီ စကားကိုသေချာနားစိုက်ပြီးထောင်ကာ note နှိုက်ထုတ်နေလိုက်သည်။

အားရပါးရ ဆွဲယူလာပြီးမှ ခဲရောင်အဖုံးနဲ့
"About sanbae yoongi><♡" ဆိုတဲ့ နာမည်ကြီးတွေ့တော့ မျက်နှာ တွန့်ကနဲဲ။

"ဟဲ့ စာသင်တာစာပဲရေးနော် အဲ့စာအုပ်ကြီးထုတ်ပြီး ဘာလုပ်ဖို့တုန်း"

ဟာနာက မျက်နှာ‌ချင်းဆိုင်ခုံက‌နေလှမ်းအော်သည်။

"မှားထုတ်တာဟေး မှားထုတ်တာ"

"အဲ့စာအုပ်ပေးအုန်း နင်အသစ်ရေးထားလားကြည့်ရအောင်"

"ဟာ တော်စမ်းပါ ရှက်စရာကောင်းလွန်းလို့သေချင်တယ်"

"ဘာဖြစ်လို့တုန်း ကိုယ့်သဘောကျတဲ့လူအကြောင်း ကိုယ်ရေးတာ ရှက်စရာလားဟာ အရင်ကတော့ မျက်ခွက်ကြီးဖြီးဖြီးဖြီးဖြီးနဲ့ အားတိုင်းထိုင်ရေးနေပြီးတော့"

"အခုတော့လုံး၀ပဲ မီးရှို့ပစ်မယ် အဲ့စာအုပ်ကြောင့် တနေ့လုံး လမ်းတောင်သေချာမလျှောက်နိုင်ဘူးဟဲ့ ငါပျော်နေတယ် ထင်လား"

ငိုမဲ့မဲ့နဲ့ ဟာနာကိုလှမ်းပြောလိုက်တော့ မျက်မှောင်ကျုံပြီးကြည့်လာသည်။ ဒီစာအုပါသာ ဂြိုလ်မမွှေရင် ကျောင်းကိုခုန်ပေါက်ပြီး တက်လို့ရမှာပေမယ့် အခုက လမ်းလျှေက်ဖို့တောင် အနိုင်နိုင်။ မခံစားဖူးတဲ့အစုတ်အလုပ်မကတော့ ဘယ်သိမှာလဲ။
‌ကြည်ကြည်ဖြူဖြူတွေလက်ခံခဲ့တဲ့ ကိုယ့်ကိုယ်ကိုလဲ တစ်ချက်လုံးပိတ်ရိုက်အုန်းမည်။

"ဘာလို့လဲ နင်‌ခြေထောက်နာတာနဲ့
ဘာဆိုင်?"

"အယ်... အဲ့တာက"

လိမ်နည်း လိမ်ဟန်တွေသူမကြိုးစား စဉ်းစားနေရပြီ။ ပြောချင်အုန်းလေ ဒီလို သောက်ပါးစပ်။

"အော်! ငါကအောက်ထပ်မှာ အဲ့စာအုပ်ထားခဲ့မိတယ်လေ အဲ့တာနဲ့ sanbaeမြင်မှာဆိုးလို့ ပြေးဆင်းရင် လှေကားပေါ်ကနေပြုတ်ကျတာ လမ်းတောင်မလျှောက်နိုင်ဘူး"

『My Crush Has Two Sides』MYGWhere stories live. Discover now