warning- Abuse
"ပြီးတော့မင်းအချစ်ဆုံးကငါဖြစ်ချင်တယ်".
"ဒါပေမယ့်ငါကတော့ဘယ်တော့မှပြန်ချစ်
မှာမဟုတ်ဘူး"သူ့စကားအဆုံးမှ ရင်ထဲကလှိုက်တက်လာတဲ့ကြည်နူးမှုတွေ
ရိုက်ချခံလိုက်ရသည်။ သူဆီကချစ်ခြင်းမေတ္တာတစ်စွန်းတစ်စလေး
မြင်ရဖို့မျှောင်လင့်ခဲ့မိတာကမှားတာပါ။"အဲ့လိုဖြစ်မလာနိုင်ဘူး မင် ယွန်း ဂီ "
သူဖက်ထားရာမှရုန်းထွက်ကာသူမခပ်မဲ့မဲ့ပြုံးပြီးပြောမိသည်။ ကိုယ့်ပါးစပ်ကဘာလို့အဲ့လိုခါးခါးသီးသီးစကားထွက်လာမှန်းမသိပေမယ့် သေချာတာကတော့ သူမ သူ့ရဲ့အတ္တဆန်မှုတွေရက်စက်မှုတွေကြားမှာ ဆက်မချစ်ချင်လောက်အောင် ပင်ပန်းသွားတာဖြစ်နိုင်သည်။ သူမရဲ့ သာမန်ကမ္ဘာငယ်လေးထဲကလူတွေကိုသူတစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်သွားခဲ့ကာ အမှောင်ထုတွေနဲ့ဖုံးလွှမ်းစေခဲ့သည်။ ဖက်တွယ်စရာမရှိတော့တဲ့အထိရက်စက်စွာ သူမရဲ့ စိတ်ကိုလည်းကောင်း ခန္ဓာကိုယ်ကိုလည်းကောင်း ညှင်းပန်းနိုပ်စက်ခဲ့ပြီးပြီ။ အခုသူမဘေးနားမှာ ဘယ်သူမှမရှိတော့တဲ့အထိသူလုပ်ရက်ခဲ့ပြီမို့ သူမလဲ တကယ်ကိုနာကျဥ်းသွားနိုင်ခဲ့ပြီ။ နှလုံးသားနဲ့ရင်းထားတဲ့နုံနုံအအ.အချစ်တွေကိုစွန့်ပစ်နိုင်ခဲ့ပြီထင်ပါတယ်။
ခွင့်လွတ်စရာမရှိတဲ့အပြစ်တွေကိုကြူးလွန်ထားတဲ့အရက်စက်ဆုံးရာဇဝတ်သားတစ်ယောက်ကို ချစ်ခြင်းမေတ္တာတွေနဲ့ပြုပြင်နိုင်ဖို့
သူရဲ့မျက်နှာသွင်ပြင်ဟာသိပ်ပြည့်စုံသလိုမျိုး ဆိုးဝါးတဲ့အတိတ်တွေထဲကရုန်းထွက်နိုင်ပြီး သူဘဝလေးကို အလင်းရောင်တွေနဲ့ပြည့်စုံစေဖို့ ဟေးရင်လေ-
ကိုယ့်ကိုယ်ကိုအပျက်စီးခံပြီးပြုပြင်ပေးဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်လဲ လမ်းတဝက်မှာတင် သူမအတင်းကြိုးစားတည်ဆောက်ထားရတဲ့မျှော်လင့်ချက်လေးနဲ့ သူမရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုတွေအစိတ်စိတ်အမွှာမွှာကြေကွဲ
ပျက်ဆီးသွားခဲ့ပြီ။အကြင်နာမဲ့မှုတွေကြားစုံးစုံးမမြုပ်သွားယုံ
စတေးခဲ့တဲ့သူမရဲ့လုပ်ရပ်တွေကအလကား.သပ်သပ်သာ။ သူကတော့အမှောင်ထုထဲမှာဆက်
ပြီးတိုးဝင်ဆဲ၊အကြင်နာမဲ့ဆဲ၊အတ္တဆန်ဆဲပင်။အစအနမကျန်အောင်ပျက်စီးမသွားခင် ဒီမှာတင်အသုံးမဝင်တဲ့အချစ်တွေမျှော်လင့်ချက်တွေကို ရပ်တန့်လိုက်သင့်ပြီထင်ပါတယ်။
YOU ARE READING
『My Crush Has Two Sides』MYG
Fanfiction"မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." "မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." Warning :🚨 This story contain abuse,murders, mature contact, toxic relationship, harm, slight gore Pls this is very dark and creepy , s...